"အင်းပါ ဘေဘီ မုန့် စားအုံးမလား"
"စားမယ် Daddy လုပ်ပေး"
ဆိုကာ သူလည်ပင်းကို တွဲခိုရင်းပြောလာတဲ့ ကလေးမဟုတ်တဲ့ ကလေးပေါက်စ~
"ဟုတ်ပါပြီ ဘာစားချင်လဲ ဘေဘီ"
"အင်းမ်းးး မသိဘူး Daddy ကြိုက်တာ လုပ်ပေး"
မေးစေ့ကို လက်ညိုးလေးထောက်ကာ စဉ်းစားနေသော ဘေဘီ့ပုံလေးဟာ အူယားဖွယ်အတိ~
"အင်း အဲ့တာဆို ခနစောင့်နော် ဘေဘီ~"
လို့ဆိုကာ သူလည်း ရိုးရိုးရှင်းရှင်း ပေါင်မုန့်ကြက်ဉ သာ လုပ်ပေးလိုက်တော့တယ်~
"ရပါပြီ သခင်လေးခင်ဗျ"
"Daddy သွားအိပ်ရအောင် မစားချင်တော့ဘူး"
"ဟင် ဘာဖြစ်လို့လဲ ဘေဘီရဲ့~"
ဆိုတော့ ခေါင်းခါပြလာတဲ့ ဘေဘီ~နောက်တော့ ပြုံးပြလာပြီး~
"ဟီး ကော်ဖီကုန်သွားလို့~"
သူ့ကော်ဖီခွက်ကို ကြည့်တော့လည်း အဟုတ် ကုန်သွားပြီ~အဲ့တာနဲ့ သူလည်း ပစ္စည်းတွေ သေချာ ပြန်သိမ်းပြီး~
"အိပ်မယ်ဆိုလည်း သွားမယ်လေ ဘေဘီ~"
"ချီ~"
"အိုကေပါဗျာ"
ဆိုကာ အကောင်ပေါက်ကို တင်ပါးကနေပွေ့ပြီး ချီလာခဲ့တော့ သူ့ပုခုံးပေါ်ခေါင်းတင်ကာ ငြိမ်ငြိမ်လေးလိုက်လာလေရဲ့~
အခန်းထဲရောက်တော့ မွေ့ယာပေါ်ချပေးမယ်လုပ်တော့~
"ဟင့်အင်း မချနဲ့ ချီထားပေး"
ဆိုကာ ပြောလာပြန်တယ်~ဒီကောင်ကြီးကလည်း သူလေး စကားဆို ဘယ်တုန်းက လွန်ဆန်ဖူးလို့လဲဗျာ~
သူ့ပုခုံးပေါ်မှာပဲ ငြိမ်ငြိမ်လေးနေနေတဲ့ အကောင်ပေါက်ကြောင့် အိပ်ပျော်သွားပြီလို့ ထင်လိုက်ပေမယ့် ခနကြာတော့ ပုခုံးပေါ်က ခပ်နွေးနွေးအရည်တွေ စိုလာတာကို ခံစားမိတော့~
"ဘေဘီ~ငိုနေတာလား!"
ချက်ချင်း ကြည့်လိုက်တော့ အဟုတ်ပေ~ဘေဘီ ငိုနေတယ်~ဘယ်လို အကြောင်းကများ ဘေဘီ့ကို ငိုစေရတာလဲ~
"ဘေဘီ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလေ ညနေတည်းက ဘေဘီ မူမမှန်ဘူးနော်~"
အဲ့လိုပြောလိုက်တော့ သူ့မျက်ရည်တွေကို ချက်ချင်းဆွဲသုတ်လိုက်ပြီး ပြုံးပြလာတယ်~
"ဟင့်အင်း ဘာမှ မဖြစ်ပါဘူး အိပ်ရအောင်"
ဆိုပြီး သူပေါ်က ဆင်းဖို့ လုပ်နေတဲ့ ဘေဘီ့ကို ခါးကနေတင်းအောင်ဖက်ထားလိုက်တော့~
"Daddy လွှတ်!"
ချက်ချင်း သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး လေသံမာလာတဲ့ ဘေဘီ~ဘာအကြောင်းတွေကြောင့် ဒီလောက် စိတ်ဆတ်နေရတာလဲ~
"ဘေဘီ ဘာဖြစ်နေတာလဲလို့ ကိုယ်မေးနေတယ်နော်!!"
သူလေသံအနည်းငယ် မာမိသွားတော့~
"မအော်နဲ့!!!"
"sorry ဘေဘီ ကိုယ့်ကိုပြောပါ ဘေဘီ ဘာဖြစ်နေတာလဲ ကိုယ်စိတ်ပူလာပြီနော်~"
"Daddy ဒီမှာ ဘေဘီ့ကို ကြည့် ဘေဘီ ဘာမှမဖြစ်ဘူး ဟုတ်ပြီလား"
သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်းရင်း သူ့မျက်လုံးတွေကို တည့်တည့်ကြည့်ကာပြောလာတဲ့ ဘေဘီ့မျက်လုံးတွေဟာ တစ်ခုခုကို ကြောက်ရွှံ့နေသယောင်~သူဘေဘီ့ရဲ့ ဒီပုံစံကို လုံးဝမမြင်ဖူးခဲ့ဘူး~
"အင်း ဘေဘီရာ တစ်ခုခုဖြစ်ရင်လည်း ကိုယ့်ကိုပြောပါကွာ ဒီလိုကြီး စိတ်ပူအောင် မလုပ်နဲ့လေ"
"အိပ်ရအောင် Daddy"
ဆိုတာကြောင့် သူ့လက်ကို လွှတ်ပေးလိုက်တော့ အိပ်ရာပေါ် တက်သွားပြီ လှဲလိုက်တယ်~သူလည်း မီးပိတ်ပြီးတော့ ဘေဘီ့ဘေးဝင်လှဲလိုက်တော့ သူ့ရင်ခွင်ထဲ ဝင်လာပြီး ခါးကို တင်းနေအောင် ဖက်ထားတဲ့ ဘေဘီ~သူလည်း ဘေဘီကို ပြန်ဖက်လိုက်ပြီး အိပ်စက်ခြင်းစီသို့~~~
အဲ့နေ့ညမှာ လမင်းကြီးဟာ ကြယ်လေးတွေနဲ့ ပနံသင့်စွာ ကောင်းကင်ကို အလှဆင်နေပြီး သာယာနေပေမယ့် ကောင်လေးနှစ်ယောက်ရဲ့ ရင်ထဲမှာတော့ ပူပန်မှုတွေသာ ပြည့်နေခဲ့တယ်~
~ဘာတွေများဖြစ်လို့လဲ ကိုယ့်ရဲ့ကလေးငယ်ရယ်~
•
•
•
•
•
•
•
•
~~~~~~~~~~~~~~~~~
Yo!ကိုယ် ပြန်လာပါပြီနော် ပုံမှန် ပြန်up နိုင်အောင် ကြိုးစားနေပါတယ်~စာမရေးတာကြာတော့ အရေးအသားတွေက စုတ်ချာ🥴~ဝေဖန်ပေးကြပါအုံးရှင်🥰
Luv u all🥰😘
#Thinn🐷
YOU ARE READING
~DON'T BLAME ME~
FanfictionUnicode~ "ဘေဘီ့ကိုအပြစ်မတင်နဲ့ Daddy~" Harry James Potter "ဟူး! မင်းလေးကို ကိုယ်လည်းမနိုင်တော့ပါဘူးကွာ~မင်းသိပ်ဆိုးတယ် ဘေဘီ" Draco Lucius Malfoy . . . . . ___________...
Part-11{U/Z}
Start from the beginning
