"ဘာဖြစ်လို့လဲ ညစ်ပတ်အိုးလေးရဲ့"

ဆိုပြီး ဟယ်ရီ့ဘေးကို တစ်စောင်းဝင်လှဲလိုက်တယ်~

"ဘာမှမဖြစ်ပါဘူး အောက်ခနဆင်းလိုက်အုံးမယ်"

ဆိုကာ မွေ့ယာပေါ်က ထသွားတဲ့ ဟယ်ရီ~

"ဒီကလေး ဘာဖြစ်တာပါလိမ့်"

ဟယ်ရီ့ကို စိတ်ပူတာကြောင့် တွေ့တဲ့ အင်္ကျီအမြန်ကောက်စွပ်ပြီး အောက်ကိုလိုက်ဆင်းလာလိုက်တယ်~ဒီကောင်လေးကို သူစိတ်မချဘူးလေ~အကြောတင်းလေး~အခုလည်း ဘာတွေ ဖြစ်နေပြန်ပြီလဲ မသိဘူး~

ဒရေဂို အောက်ထပ်ကို ရောက်တော့ မီးဖိုချောင် ထဲမှာ ကော်ဖီဖျော်နေတဲ့ ဘေဘီ့ကိုတွေ့တော့ နောက်ကနေဖက်လိုက်ပြီး ပုခုံးပေါ်မေးတင်ကာ~

"ကိုယ်တိုင် ကော်ဖီတွေ ဖျော်လို့ပါလား ဘေဘီက ကိုယ့်ကို တိုက်မလို့လား~"

"Daddy သောက်ချင်လို့လား"

"အင်း သောက်ချင်တယ်~"

"ဒါဆို ရော့!"

ဆိုကာ ကော်ဖီခွက်ကို လှမ်းပေးလာတယ်~သူလည်း တစ်ငုံယူသောက်လိုက်တော့~

"ဘေဘီ ခါးလိုက်တာ!"

"အင်းလေ ဘာလို့လည်း Daddy အခါးကြိုက်တာပဲကို~"

"ကြိုက်တာကကြိုက်ပေမယ့် ဒီဟာကြီးကတော့~~နေပါအုံး ဘေဘီက ဒါကိုသောက်မလို့လား~"

"အင်းလေ ဘာလို့လဲ"

"သောက်နိုင်လို့လား"

"ဘာလို့ မသောက်နိုင်ရမှာလဲ ခင်ဗျားနဲ့ မယူခင်တည်းက သောက်လာတာ~"

"ကိုယ်လည်း မသိရပါလား?~"

အဲ့လိုလည်း မေးလိုက်ရော သူ့ကို ကျောခိုင်းပြီး တစ်ဖက်ကို လှည့်သွားတဲ့ ဘေဘီ~တစ်ခုခုတော့ မူမမှန်တာ ဖြစ်နေပြီ~

"အာ အဲ့တာက Daddy က တွေ့တိုင်း အချိုတွေပဲ ကျွေးနေတာကို အဲ့တာကြောင့် သိပ်မသောက်ဖြစ်တော့တာ~"

ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ မျက်လုံးတွေကလည်း သူ့ကို မကြည့်ပဲ တောင်ကြည့်မြောက်ကြည့်နဲ့ ပြောနေတဲ့ ဘေဘီက လိမ်နေတယ်ဆိုတာ သိသာပါတယ်~သူ့ကို မပြောပြချင်တာမို့ သူလည်း အတင်းမမေးတော့ပါဘူး ဘေဘီ ပြောချင်တဲ့ အချိန်တော့ ပြောမှာပါလေ~

~DON'T BLAME ME~Tahanan ng mga kuwento. Tumuklas ngayon