"အိပ်မယ်ဆိုလည်း သွားမယ်လေ ဘေဘီ~"

"ချီ~"

"အိုကေပါဗျာ"

ဆိုကာ အကောင်ပေါက်ကို တင်ပါးကနေပွေ့ပြီး ချီလာခဲ့တော့ သူ့ပုခုံးပေါ်ခေါင်းတင်ကာ ငြိမ်ငြိမ်လေးလိုက်လာလေရဲ့~

အခန်းထဲရောက်တော့ မွေ့ယာပေါ်ချပေးမယ်လုပ်တော့~

"ဟင့်အင်း မချနဲ့ ချီထားပေး"

ဆိုကာ ပြောလာပြန်တယ်~ဒီကောင်ကြီးကလည်း သူလေး စကားဆို ဘယ်တုန်းက လွန်ဆန်ဖူးလို့လဲဗျာ~

သူ့ပုခုံးပေါ်မှာပဲ ငြိမ်ငြိမ်လေးနေနေတဲ့ အကောင်ပေါက်ကြောင့် အိပ်ပျော်သွားပြီလို့ ထင်လိုက်ပေမယ့် ခနကြာတော့ ပုခုံးပေါ်က ခပ်နွေးနွေးအရည်တွေ စိုလာတာကို ခံစားမိတော့~

"ဘေဘီ~ငိုနေတာလား!"

ချက်ချင်း ကြည့်လိုက်တော့ အဟုတ်ပေ~ဘေဘီ ငိုနေတယ်~ဘယ်လို အကြောင်းကများ ဘေဘီ့ကို ငိုစေရတာလဲ~

"ဘေဘီ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြောလေ ညနေတည်းက ဘေဘီ မူမမှန်ဘူးနော်~"

အဲ့လိုပြောလိုက်တော့ သူ့မျက်ရည်တွေကို ချက်ချင်းဆွဲသုတ်လိုက်ပြီး ပြုံးပြလာတယ်~

"ဟင့်အင်း ဘာမှ မဖြစ်ပါဘူး အိပ်ရအောင်"

ဆိုပြီး သူပေါ်က ဆင်းဖို့ လုပ်နေတဲ့ ဘေဘီ့ကို ခါးကနေတင်းအောင်ဖက်ထားလိုက်တော့~

"Daddy လွှတ်!"

ချက်ချင်း သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး လေသံမာလာတဲ့ ဘေဘီ~ဘာအကြောင်းတွေကြောင့် ဒီလောက် စိတ်ဆတ်နေရတာလဲ~

"ဘေဘီ ဘာဖြစ်နေတာလဲလို့ ကိုယ်မေးနေတယ်နော်!!"

သူလေသံအနည်းငယ် မာမိသွားတော့~

"မအော်နဲ့!!!"

"sorry ဘေဘီ ကိုယ့်ကိုပြောပါ ဘေဘီ ဘာဖြစ်နေတာလဲ ကိုယ်စိတ်ပူလာပြီနော်~"

"Daddy ဒီမှာ ဘေဘီ့ကို ကြည့် ဘေဘီ ဘာမှမဖြစ်ဘူး ဟုတ်ပြီလား"

သူ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ကိုင်းရင်း သူ့မျက်လုံးတွေကို တည့်တည့်​ကြည့်ကာပြောလာတဲ့ ဘေဘီ့မျက်လုံးတွေဟာ တစ်ခုခုကို ကြောက်ရွှံ့နေသယောင်~သူဘေဘီ့ရဲ့ ဒီပုံစံကို လုံးဝမမြင်ဖူးခဲ့ဘူး~

~DON'T BLAME ME~Where stories live. Discover now