"ဘေဘီ ခါးလိုက်တာ!"

"အင်းလေ ဘာလို့လည်း Daddy အခါးကြိုက်တာပဲကို~"

"ကြိုက်တာကကြိုက်ပေမယ့် ဒီဟာကြီးကတော့~~နေပါအုံး ဘေဘီက ဒါကိုသောက်မလို့လား~"

"အင်းလေ ဘာလို့လဲ"

"သောက်နိုင်လို့လား"

"ဘာလို့ မသောက်နိုင်ရမှာလဲ ခင်ဗျားနဲ့ မယူခင်တည်းက သောက်လာတာ~"

"ကိုယ်လည်း မသိရပါလား?~"

အဲ့လိုလည်း မေးလိုက်ရော သူ့ကို ကျောခိုင်းပြီး တစ်ဖက်ကို လှည့်သွားတဲ့ ဘေဘိီ~တစ်ခုခုတော့ မူမမှန်တာ ဖြစ်နေပြီ~

"အာ အဲ့တာက Daddy က တွေ့တိုင်း အချိုတွေပဲ ကျွေးနေတာကို အဲ့တာကြောင့် သိပ်မသောက်ဖြစ်တော့တာ~"

ခေါင်းကုတ်လိုက် လည်ပင်းပွတ်လိုက်နဲ့ မျက်လုံးတွေကလည်း သူ့ကို မကြည့်ပဲ တောင်ကြည့်မြောက်ကြည့်နဲ့ ပြောနေတဲ့ ဘေဘီက လိမ်နေတယ်ဆိုတာ သိသာပါတယ်~သူ့ကို မပြောပြချင်တာမို့ သူလည်း အတင်းမမေးတော့ပါဘူး ဘေဘီ ပြောချင်တဲ့ အချိန်တော့ ပြောမှာပါလေ~

"အင်းပါ ဘေဘီ မုန့် စားအုံးမလား"

"စားမယ် Daddy လုပ်ပေး"

ဆိုကာ သူလည်ပင်းကို တွဲခိုရင်းပြောလာတဲ့ ကလေးမဟုတ်တဲ့ ကလေးပေါက်စ~

"ဟုတ်ပါပြီ ဘာစားချင်လဲ ဘေဘီ"

"အင်းမ်းးး မသိဘူး Daddy ကြိုက်တာ လုပ်ပေး"

မေးစေ့ကို လက်ညိုးလေးထောက်ကာ စဉ္းစားနေသော ဘေဘီ့ပုံလေးဟာ အူယားဖွယ်အတိ~

"အင်း အဲ့တာဆို ခနစောင့်နော် ဘေဘီ~"

လို့ဆိုကာ သူလည်း ရိုးရိုးရှင်းရှင်း ပေါင်မုန့်ကြက်ဉ သာ လုပ်ပေးလိုက်တော့တယ်~

"ရပါပြီ သခင်လေးခင်ဗျ"

"Daddy သွားအိပ်ရအောင် မစားချင်တော့ဘူး"

"ဟင် ဘာဖြစ်လို့လဲ ဘေဘီရဲ့~"

ဆိုတော့ ခေါင်းခါပြလာတဲ့ ဘေဘီ~နောက်တော့ ပြုံးပြလာပြီး~

"ဟီး ကော်ဖီကုန်သွားလို့~"

သူ့ကော်ဖီခွက်ကို ကြည့်တော့လည်း အဟုတ် ကုန်သွားပြီ~အဲ့တာနဲ့ သူလည်း ပစ္စည်းတွေ သေချာ ပြန်သိမ်းပြီး~

~DON'T BLAME ME~Where stories live. Discover now