"မင်း အဖေကလဲ ဘယ်လိုကြီးလဲ။ ဒီလက်ဆောင်ဆိုတာကြီးက လူလေဟာ။ ​ပြီးတော့ သူက မင်းဘေးနားမှာ ရှိရှိနေတာ မင်း...ရှုပ်မှာပေါ့"

တတွတ်တွတ် ပြောနေသူကိုကြည့်ရင်း Don ရယ်မိပြန်သည်။
"အစကတော့အဲ့လိုပါပဲ နောက်တော့ငါလဲနေသားကျသွားတယ်။ ဒါနဲ့ မင်းဒီနေ့စာမကျက်ရဘူးလား"

"Don ကလဲ ငါ့ပဲစာကျက်ခိုင်းနေတယ်။ တစ်ရက်လောက်တော့ နားပါရစေဦး"
"ဒါဆို ဘယ်သွားချင်လဲ"

အလိုက်တသိမေးပေးတာကို Roshan ကျေးဇူးတင်ပင်မဲ့ ခုလိုနားချိန်လေးမှာ Don အနားမှာသာနေချင်သည်။
"ဟင့်အင်း ငါမသွားချင်ဘူး။ ဒါပင်မဲ့ မင်း ငါ့အနားမှာအဖော်နေပေးရမယ်"
"Ok"

သံယောဇဉ် ဆိုတာ တစ်စတစ်စ ပိုခိုင်မြဲလာလျှင် ပိုပြီးငြိတွယ်တတ်သလို အဆုံးရှုံးလဲမခံနိုင်ကြတော့ပေ။
______________

ခြံထဲတွင်ပန်းပင်ရေလောင်းနေသော ကောင်လေးကိုကြည့်နေမိသည်မှာ အချိန်တွေ ဘယ်လောက်ကြာသွားလဲတောင် မသိတော့.....

လက်ထဲက ဆေးလိပ်ကို နီးစပ်ရာပန်းအိုးထဲမှာ ထိုးကာ သတ်လိုက်သည်။ ဆေးလိပ်လား သောက်တတ်လာတာလဲ ကြာနေပါပြီ တားမဲ့သူလဲမရှိတာကြောင့် အေးဆေးပဲ။
Roshan ကတော့ တားပါတယ်.....ဒါပေမဲ့ မိမိကိုယ်တိုင်က မလိုက်နာတာ.....

အောက်ကိုကြည့်လိုက်တော့ Bing မှာ မောသွားသည်ထင် ပန်းခြံထဲက ဒန်းပေါ်တွင်ထိုင်နေလေသည်။
ဒီကောင်လေးက ယောက်ျားလေးသာပြောတာ လှတာတော့၀န်ခံသည်။
အအေးဒဏ်ကြောင့် ရဲနေသော လက်ဖျားလေးတွေ ပါးမို့မို့လေးတွေက တကယ်ကို ချစ်ဖို့တော့ကောင်းသည်။

ကိုယ့်အနားကိုလဲ ကိုယ်မခေါ်ရင် မကပ်တတ်ပေ။
သူ့ဘာသာနေတတ်သလို နေနေသည်။

"Bing!!!!လာဦး"
အော်ခေါ်လိုက်တော့ လစ်ခနဲဆို အပေါ်ကို ပြေးတတ်လာလေသည်။

"အစ်ကိုလေး ဘာခိုင်းစရာရှိလို့လဲ"
အနားသို့ ကုတ်ကုတ်ကလေး ရောက်လာပြန်သည်။
" မခိုင်းဘူး မေးစရာရှိလို့"
"ဟုတ်ကဲ့ "

"မင်းမြန်မာပြည်မှာ မိသားစု တွေ မကျန်ခဲ့ဘူးလား"
မိသားစု ဆိုတဲ့စကားကြောင့် ကောင်လေးမျက်နှာပျက်သွားတာ မြင်ပင်မဲ့ ဟန်ဆောင်ကောင်းစွာ....
"မရှိတော့ဘူး ဆုံးသွားကြပြီ...."

Near the love (Complete)Where stories live. Discover now