Chapter(21)

1K 86 17
                                    

"သူက..မင်းကိုလှည့်စားပြီး..မင်းအနားကိုရောက်လာတာ!!သူကမင်းကိုမချစ်ဘူး!!..မင်းကိုဂရုစိုက်ပေးခဲ့တာတွေကလည်း..ဟန်ဆောင်ခဲ့တာ!!..သူကနတ်ဘုရားတစ်ပါး!!...မင်းကိုသတ်မဲ့လူ!!.."

နီရဲလာတဲ့မျက်ဝန်းတွေ...သူ့ထက်ပိုကြီးမားတဲ့ယင်စွမ်းအင်!!ဟားဟား...ဒေါသထွက်လိုက်စမ်း!!မိစ္ဆာစိတ်ရိုင်းတွေကို ပွင့်ထွက်လိုက်စမ်း!! နတ်သွေးနှောဆိုတဲ့အတိုင်း သိပ်ကိုစွမ်းအားမြင့်မားတာပဲ..အဲ့တာကြောင့်ကောင်းကင်ဘုံကို ဖျက်စီးနိုင်သူဖြစ်နေတာ..

"အား!!တိတ်စမ်း!!ဆက်ပြောရင် ခင်ဗျားကိုသတ်ပစ်မယ်!!"

"ပေါက်ကွဲလိုက်စမ်း!!မင်းကငါနဲ့အတူတူပဲ..သူတို့ကိုသတ်ပစ်!!မင်းရဲ့အမှောင်ဘက်ခြမ်းကိုဖွင့်ဟပြလိုက်.."

ခင်ဗျားချစ်တဲ့ကောင်းကင်ဘုံကို ကျွန်တော်ဖျက်စီးပစ်ချင်လိုက်တာ..တစ်ချိန်ကချစ်ရသူရေ~~ခင်ဗျားမြင်ရင်တားအုန်းမလား..

"ဟားဟား..မင်းက..မိစ္ဆာကောင်ပဲ!!..ဟုတ်တယ်!. .ပေါက်ကွဲလိုက်..မင်းရဲ့အမှောင်ဘက်ခြမ်းကိုဖွင့်ထုတ်လိုက်...သူကမင်းကိုမချစ်ဘူး!!..အဲ့တာအမှန်တရားပဲ!!"

"ခင်ဗျားကိုသတ်ပစ်မယ်!!!"

အန်းကောပေးတဲ့...ပိုင်ဟူကတော့သွေးစွန်းရတော့မှာပဲ...ဒါပေမဲ့အနီရောင်တွေကသိပ်လှတယ်...

သူထက်မသာရင်တောင် မလျော့သောစွမ်းအားဖြင့် တိုက်ခိုက်နေတဲ့ထိုလူ..အခုချိန်သူ့စိတ်ထဲမှာရှိ​ေနတာက...ထိုလူကိုသတ်ဖို့ပဲ...

စွမ်းအားမြင့်မားသူနှစ်ဉီးတိုက်ခိုက်မှုကြောင့်..အနီးအနားရှိသစ်ပင်ကြီးတွေဟာ..ပျက်စီး၊ကျိုးပဲ့လာခဲ့တယ်။မြေပြင်ဟာတုန်လှုပ်လာပြီး...သွေးစလေးတွေဟာ သူ့စီကကျဆင်းလာတယ်။

"ဝေါ့..."

"အရှုံးပေးလိုက်တော့..ခင်ဗျားကိုမသတ်ချင်ဘူး"

"ဟက်...ငါဟာအစထဲကရှုံးနိမ့်ပြီးသားပဲ..မင်းသာသူ့စီမှာမရှုံးနိမ့်စေနဲ့"

"ပိုင်လိ!! ညီလေးပိုင်လိ!!"

ထိုခေါ်သံတွေအကြားမှာ...ထိုလူဟာရုတ်ချည်ပျောက်ကွယ်သွားတယ်

သစ္စာနှောင်ကြိုး(completed)Tempat cerita menjadi hidup. Temukan sekarang