Chapter(17)

1K 92 4
                                    

"ဟင်!...ရှောင်!"

ဘာကြီးလဲ..ဂေဟာအတွင်းဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက မလုံမလဲဝတ်ထားသော မိန်းမပျိုအများအပြားနှင့် ထိုမိန်းမပျိုများကိုဆွဲလားရမ်းလားလုပ်နေသော ယောကျာ်းကြီးများ...အရှက်ကင်းမဲ့စွာနမ်းရှိုက်နေကြသောလူတချို့...

ထိုမြင်ကွင်းသည် သူ့အာအလွန် ရှက်ရွံ​ေစသဖြင့်...ရှောင်ကျောနောက်ကို အသာကပ်မိလေ၏..

"သခင်ငယ်လေးက..'ကော'..လား"

" 'ကော' ကဘာကြီးလဲ"

"ခစ်..ခစ်..သခင်လေးတို့သုံးယောက် ဒီအခန်းထဲမှာစောင့်ပါနော်။ကျွန်မကသခင်လေးတို့ကို ပြုစုဖို့အချောအလှလေးတွေ ခေါ်လာပေးပါ့မယ်..ခစ်..ခစ်"

ချွဲနွဲ့မူပိုစွာ စကားပြောဆိုနေသော ထိုမိန်းကလေးဟာ သူ့အမြင်မှာတော့ ကြက်တူရွေးကိုနှုတ်ခမ်းနီဆိုးပေးထားသလိုပဲ...သေရည်မြန်မြန်သောက်ပြီးဒီကထွက်သွားမှ...

"ရှင်းကော 'ကော' ကဘာလဲ"

"အာ...အဲ့တာက..အဟန့်..ကောဆိုတာက ချူးရှားကျစ်အမှတ်အသားပါတဲ့အမျိုးသား..အဟန့်...သူတို့ကယောကျာ်း​​ြခင်းဆက်နွယ်တဲ့အခါ...ထိုယောကျာ်းရဲ့မျိုးမြတ်ရည်အောင်ရင်.. ကိုယ်ဝန်ဆောင်နိုင်တယ်.."

ကာမဆက်နွယ်မှုနှင့် သက်ဆိုင်သော အကြောင်းများကို ပိုင်လိအာပြောပြရတာသူတကယ်ရှက်ရွံမိတယ်။သူတို့အပြင် ရုပ်တည်ကြီးနဲ့ထိုင်နေတဲ့ ဖုန့်သခင်လေးလည်းရှိနေတော့....

"ယောကျာ်းလေးကလား..."

"အင်း"

"ကျွန်တော်က 'ကော'လား ရှင်းကော"

"အဟွတ်...အဟွတ်...မင်းက...ကော..မဟုတ်ဘူး.​​..ယောကျာ်းစစ်စစ်ကြီး"

"အော်..."

"သခင်လေးတို့..."

ဘာလိုပုံတွေလဲ...သူတို့စီကိုလျှောက်လှမ်းလာတဲ့ မိန်းမပျိုနှစ်ဉီးနဲ့နောက်တစ်ယောက်က၊ယောကျာ်းပျိုတစ်ဉီး အတွင်းသားတွေကိုဖော်ကျူးကာဝတ်စားထားတဲ့ သူတို့တွေကတကယ့်ကို အမြင်ရှိုင်းစေတယ်..

"သခင်ငယ်လေးမှာထားတဲ့သေရည်ရပါပြီ..ကျူးအာ..ငှဲ့ပေးမယ်နော်.."

သစ္စာနှောင်ကြိုး(completed)Tahanan ng mga kuwento. Tumuklas ngayon