Chapter(3)

1.8K 114 5
                                    

"မိစ္ဆာဘုရင်ကို ဂါဝရပြုပါတယ်"

"အဖိုးကြီးကျိုး ထပါ ဆေးလုံးဖောက်တာအဆင်ပြေရဲ့လား"

အသက်အရွယ်အားဖြင့် လူသားတွေအမြင်မှာ နှစ်ဆယ်ကျော်သာရှိပါသော်လည်း မူရင်းမိစ္ဆာသက်တမ်းငါးသိန်းရှိပြီးဖြစ်သော် မိစ္ဆာအိုကြီးကျိုး

"ဒါကခက်ခဲတဲ့အလုပ်ပါအရှင် နတ်သွေးနှောဖြစ်လာဖို့ လိုအပ်တဲ့နတ်ဆေးလုံးနဲ့ မိစ္ဆာမှောင်ဝင်ပုလဲတွေ လိုပါသေးတယ်"

"လိုတာတွေက ဘာတွေလဲ"

"ညပုလဲ မီးစုန်း နဂါးအကြေးခွံတွေပါအရှင်"

"နဂါးအကြေးခွံ အဲ့တာကညနတ်နဂါးစီမှာရှိတာ မဟုတ်လား"

"သွားခွာလိုက်လေ အရှင်ကလည်း"

"အဲ့တာဆို ရှင်းကျိုးမင်းကိုတာဝန်ပေးအပ်လိုက်မယ်"

"အီး...ဟီး..ကျွန်တော်မျိုးလို မိစ္ဆာငယ်လေးက ကောင်းကင်မြောက်ဘက်ဝင်ပေါက်မှာတင် ပြာကျမှာပေါ့...အရှင်ကရက်စက်တော့မှာလား...အီး...ဟီး"

"မင်းရဲ့ငိုသံကိုတိတ်တော့!!! ဟင်း..အဖိုးကြီးကျိုး ကောင်းကင်ဘုံကိုသွားဖို့ကအခုချိန်မဖြစ်နိုင်ဘူး.... "

"အရှင်ကိုယ်တိုင် သွားရောက်ရင်ရော မဟူရာလကွယ်မှာ နဂါးအကြေးခွံတချို့ကသူ့အလိုလိုကွာကျလာရင်..."

"ကျိုးလောင်ရှစ်က အရှင်ကိုကောက်ယူခိုင်းတာလား အရှင်ကသူခိုးအလုပ်လုပ်ရမှာလို့...ဟား...ဟား..တွေးမြင်မိရင်အူတက်နေပြီ"

"ရှင်ကျိုး!!"

"ဟင့်...အမှန်ပြောတော့နားခါးတယ်တဲ့"

"ကိုယ်တော်အတင်းပြောနေတာလား ရှင်ကျိုး"

"အာ..အဲ့..မဟုတ်..ခြင်....မိစ္ဆာ ပြည်မှာလူဘုံကခြင်ဆိုတာကြီးရှိတယ်ထင်တယ်...တဝှီဝှီ..အော်သံကြားလို့"

------------

"မိစ္ဆာတွေ ကောင်းကင်ဘုံကိုဝင်ခွင့်မရှိဘူး"

"မင်းတို့လို အဆင့်နိမ့်နတ်တွေက ကိုယ်တော်ကိုတားနိုင်မယ်တဲ့လား"

"ကောင်းကင်မင်းကြီးချမှတ်တဲ့ အမိန့်ကို လွန်ဆန်ခွင့်မရှိဘူး"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now