Chapter(29)

1.8K 101 25
                                    

စစ်ပွဲဲကြီး စတင်လာခဲ့လေပြီ ~~~

မိစ္ဆာမျိုးနွယ်စုရဲ့စစ်သည်အင်အားသည် ကောင်ကင်းဘုံထက် မသာရင်တောင် မလျော့သောအနေအထား၌ ရှိနေသည်။ရှေ့ပြေးတပ်မကိုဉီးဆောင်သူမှာ နတ်သွေးနှောပိုင်လိရိပေါ်ပင်တည်း။အချစ်ကြီးလျှင်အမျက်ကြီးသည် ဆိုသောစကားဟာသိပ်မှန်သတဲ့...နတ်သွေးနှောဟာယခုချိန်မှာ...တစ်ချိန်ကချစ်ရသူစစ်နတ်ဘုရားကို မုန်းတီးနေလေအံ့..

သေးသွယ်လှသော ကိုယ်ပေါ် ၌ငွေရောင်ချပ်တန်ဆာကို ဝတ်ဆင်ကာ တပ်မဉီးဆောင်သူသည် နတ်သွေးနှောပင်။ဆံနွယ်များကို အပေါ် မြင့်မြင့်သို့မြှောက်ကာ ပတ္တမြားရောင်ဆံထိုးလေးဖြင့် ထုံးဖွဲ့ရစ်နှောင်ထားသော နတ်သွေးနှောငယ်တွင်...စူးရှထက်မြတ်လှသောမျက်ဝန်း..နှဖူးထက်ကမိစ္ဆာအမှတ်အသား..လက်စွဲတော်ပိုင်ဟူသာမရှိပါက အကြင်သူသည် စစ်ပွဲရှေ့ဆောင်မှန်း မသိနိုင်လောက်သည်အထိ ငြိမ်သက်နေလေသည်...

"ကောင်းကင်ဘုံကို အပိုင်မရမခြင်း..အရှုံးပေးဘဲနောက်ဆုံးထွက်သက်ထိအနိုင်တိုက်မယ်!!!"

မိစ္ဆာစစ်သည်များအာ စစ်သွေးစစ်မာန်ပြည့်စေရန်..နတ်သွေးနှောသည် ကြွေးကြော်စကားဆိုလေ၏...

"ရေး!!!ဝူး!!!ဒုန်း!!..ဒုန်း!!.."

"မိစ္ဆာကောင်တွေကို..အပြတ်ချေမှုန်ပြတ်!!"

ကောင်းကင်အရှင်၏ အမိန့်ပေးမှုကိုနတ်ဘုရားတိုင်း လွန်ဆန်၍မရနိုင်ပေ။လက်နက်များကိုကိုင်စွဲကာ စစ်ပွဲကိုရင်ဆိုင်ရမည်ဖြစ်သော အစိမ်းရောင်နတ်သခင်ထိုက်ရှီရင်း၊ စစ်အထောက်တော်နတ်ဘုရားရိလန်၊ မိုးကြိုးနတ်မိမယ်ရှီလဲ့ယာ..စစ်နတ်ဘုရားဖုန့်ဟွာရှောင်ကျန့်တို့ဟာ မိမိတို့ဆန္ဒရှိသည့်အတိုင်းမဟုတ်ဘဲ အမိန့်တော်နာခံရသူများသာဖြစ်သည်။

"ဝိုး!!ဝိုး..ကောင်းကင်အရှင်!!အသင်ကတပ်မကို မဉီးဆောင်ဘူးလား!!ဟက်..သူရဲဘောကြောင်လိုက်တာ.."

"မိစ္ဆာကောင်!!!ဒီနေ့ကုန်ဆုံးသွားရင် မင်းတို့ မိစ္ဆာမျိုးနွယ်ဟာ..လောကကြီးကပျောက်ကွယ်သွားရတော့မှာကို..မာန်ထောင်
လွှားနေတုန်းပဲလား!!. "

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now