Chapter(5)

1.5K 98 1
                                    

"ဖုန့်ဟွာ ကိုယ်တော် တာဝန်အချို့ပေးစရာရှိတယ်"

"မိန့်ကြားပါ အရှင်"

"နတ်သွေးနှောက ကိုယ်တော်အထင်မွေးဖွားလာပြီနဲ့တူတယ်..လူဘုံမှာနတ်လက်နက်အချို့ရှာ​ဖွေဖို့ ဖုန့်ဟွာကိုတာဝန်ပေးရလိမ့်မယ်"

"အဘယ် အရာတွေများလဲအရှင်"

"ထိုက်လု(တိမ်လွှာဓား) ..ရင့်လုအဆိပ်ပန်း..ကြိုးကြာတောင်ပံလေးမြှား"

"ဒါတွေက ရှေးဟောင်းနတ်လက်နက်တွေ မှတ်လားအရှင်"

"ဒါတွေကို ဘိုးတော်မင်းဆက်ထဲကလည်း ရယူဖို့ကြိုးစားခဲ့ကြဖူးတယ်။လက်နက်ပိုင်ဆိုင်ထိုက်သူမဟုတ်ရင် နတ်လက်နက်ဝိဉာဉ်ဝါးမြိုချင်းကို ခံရနိုင်တယ်.."

"အရှင် ဒီလက်နက်တွေက မိစ္ဆာလက်နက်တွေလိုပဲ။အငြိုးအတေးကြီးဝိဉာဉ်​ေတွစုဝေးနေတာ ဒီလက်နက်ကိုင်ဆောင်သူဟာ မိစ္ဆာစိတ်ဝင်သွားနိုင်တယ်"

"ဖုန့်ဟွာ ကိုယ်တော်အခုပြောမဲ့အကြောင်းကို မင်းယုံနိုင်လား မသိဘူး..ကိုယ်တော်ဒီလက်နက်ကို အရယူချင်ခဲ့ဖူးတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ကောင်းကင်ဘုံနှင့်မိစ္ဆာဘုံတိုက်ပွဲမှာပေါ့ ကိုယ်တော်မှာ အမှောင်စွမ်းအားကိန်းဝပ်နေတယ်။ဒါပေမဲ့ထိန်းချုပ်နိုင်ခဲ့တယ်။ကိုယ်တော်ယုံကြည်တယ်..မင်းကဒီလက်နက်ပိုင်ရှင်အစ်အမှန်ပဲဆိုတာကို"

"အရှင်...."

သူအံ​ြသလွန်း၍ မည်သည့်စကားမှပြန်လည်မချေပနိုင်ခဲ့​ေပ။
ကောင်းကင်မင်းကြီးဖြစ်တဲ့အရှင်ဟာ မိစ္ဆာစိတ်ကိန်းဝပ်နေသူ..အမှောင်ဓာတ်ရှိသူတစ်ယောက်တဲ့လား။

"ဖုန့်ဟွာ အကယ်၍နတ်သွေးနှောမှာ ချစ်ရသူသာမရှိခဲ့ရင် မင်းအနေနဲ့သူရဲ့နှလုံးသားကိုအရယူပါ။စစ်နတ်ဘုရားဖြစ်တဲ့မင်းက သူ့ကိုရအောင်သတ်ပါ။ဒါဟာကိုယ့်တော်ရဲ့ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်တောင်းဆိုချက်ခုပဲ..ဖြည့်စီးပေးမယ်လို့ ကတိပေးပါ"

"ကျွန်တော်....."

"ဖုန့်ဟွာ!!နတ်သွေးနှောလို့ကိုယ်တော်ပြောပေမဲ့ သူကြီးပြင်းရာက မိစ္ဆာဘုံမှာ သူက မိစ္ဆာတစ်ကောင်ပဲ မိစ္ဆာတွေကရက်စက်ကြမ်းကြုတ်ပြီး အကြင်နာတရားမရှိဘူး။မိစ္ဆာတိုင်းမင်းအမည်နာမကို ကြားရုံနဲ့ ကြောက်လန့်နေရမယ်။ မင်းက မိစ္ဆာဘုံကို ပျောက်ကွယ်အောင်လုပ်မဲ့ စစ်နတ်ဘုရားဆိုတာမမေ့နဲ့!"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now