Chapter(28)

1.4K 101 10
                                    

"နောက်ဆုံးအနေနဲ့..မေးပါရစေ..ကျွန်တော်ပိုင်လိရိပေါ်ကို..သဲမှုန်တစ်မှုန်လောက်ပင်ဖြစ်ဖြစ်..ချစ်ခဲ့ဖူးပါသလား"

တစ်ချိန်ကကြားသိခဲ့တဲ့ အဖြေဟာယခုအချိန်၌ ပြောင်းလဲမည်ဆိုပါက..သူ့အသက်ကိုပင်..ရှောင်ချစ်ရသော ကောင်းကင်ဘုံအတွက်..စွန့်လွှတ်ဖို့ရန်အသင့်ပင်..

"မိစ္ဆာ..နတ်ဘုရားပေါင်းဖက်ခွင့်မရှိဘူးဆိုသော..သတ်မှတ်ချက်တွေကိုဖယ်ရှားပြီး..စိတ်ရင်းမှန်ကိုသာဖွင့်ချပေးပါ..တစ်ခါလောက်..ကိုယ့်ခံစားချက်အစစ်အမှန်တွေကို သတ္တိရှိစွာဖြေပေးပါ..."

ကျေးဇူးပြုပြီး...ဒီတစ်ခေါက်သာ ပြီးဆုံးသွားရင်ကျွန်တော်ရဲ့ချစ်ခြင်းတွေ တကယ်အဆုံးသတ်သွားပြီရှောင်..

မျက်ရည်စီးကြောင်းများ၊တောင်းပန်တစ်လှည့် ခြိမ်းခြောက်တစ်လှည့် မေးနေရှာသောနတ်သွေးနှောသည် မိမိကိုစိတ်နာကျင်အောင်ပြုလုပ်ထားသော စစ်နတ်ဘုရားအပေါ်မျှော်လင့်ချက်ထားနေတုန်းပင်...

"ငါ...မင်းကို..မချစ်ခဲ့ဘူး.."

သွားပြီ!သူ့နှလုံးသားမြေခခဲ့ရပြီ...ပြတ်သားရက်လိုက်တာ...အချစ်ဟာအမုန်းအဖြစ်သို့ ပြောင်းလဲနိုင်တယ်တဲ့..သိပ်ချစ်မိတဲ့ကျွန်တော်ဟာအမုန်းလည်းကြီးတယ်ရှောင်..

"ဟက်!!စစ်နတ်ဘုရားကပြတ်သားလိုက်တာ...ယခုချိန်မှစပြီးကျွန်တော်နတ်သွေးနှောပိုင်လိရိပေါ်ဟာ..စစ်နတ်ဘုရားအပေါ်ချစ်ခြင်းတစိုးတစိမျှမရှိတော့...ကျွန်တော်နာကျင်ခဲ့ရသလိုခင်ဗျားလည်းနာကျင်ရမယ်!!..ကျွန်တော်တို့ဆက်ဆံရေးဟာ...ခွမ်း!!.ယခုကွဲကြေသွားတဲ့ကြေွခွက်လိုပဲ..ပြန်ဆက်လို့မရနိုင်ဘူး...ခင်ဗျားကို...ကျွန်တော်မုန်းတယ်!!!"

ရိအာ..မင်းအချစ်..မင်းအမုန်း..မင်းနဲ့ပေးအပ်သမျှကို ကိုယ်ကျေကျေနပ်နပ်ခံယူဖို့အသင့်ပဲ...မင်းကိုကာကွယ်ချင်လို့ လုပ်ခဲ့သမျှကို..
ကိုယ်နောင်တမရဘူး။မုန်းလိုက်စမ်းပါ ရိအာရယ်မင်းကိုယ့်ကိုမုန်းမှမင်းအသက်ဆက်နိုင်မှာ...တစ်ချိန်ချိန်မှာကိုယ်မရှိရင်လည်းပျော်ရွှင်စွာရှင်သန်ပါကလေးငယ်...

သစ္စာနှောင်ကြိုး(completed)Wo Geschichten leben. Entdecke jetzt