Chapter(12)

1.1K 95 13
                                    

"ပထမအဆင့်စမ်းသပ်ချက်အနေနဲ့  ယှဉ်ပြိုင်သူတွေဟာ ချီစွမ်းအင် ဘယ်လောက်ရှိမလဲဆိုတာကို မီးမျှော်စင်စီက အစမ်းသပ်ခံရမယ်"

"ရာဇဝင်ထဲက မီးကျောက်မျှော်စင်လားအကြီးအကဲ"

"ဟား..ဟား..ဒီတစ်ခေါက်ယှဉ်ပြိုင်သူတွေက ကြားထားတဲ့သတင်းတွေအတိုင်း တကယ့်ကိုထက်မြက်ကြတာပဲ။ရှေးမီးမျှော်စင်အကြောင်းကို တစ်ပိုင်းတစ်စသိတယ်ဆိုရင်တောင် အဲ့ဒီလူဟာ ဗဟုသုတမနည်းဘူး။ကျန်တဲ့ကျောင်းသားတွေလည်း အတုယူသင့်တယ်"

အပိုစကားတွေ နှစ်ပေါင်းတစ်ထောင်ရှိတဲ့ သူ့ထက်ဘယ်ဗဟုသုတမြင့်မားမလဲ..မဖြေချင်လို့ငြိမ်နေတာကို ဒီလိုလူမျိုးစီကဘာအတုယူရမှာလဲ...

"မီးမျှော်စင်ဟာ မြေကျောက်သားတွေနဲ့ နတ်မင်းကျင်းကိုယ်တိုင်ထုဆစ်ထားတာ။အထပ်အနေနဲ့ ကိုးထပ်ရှိတယ်။မင်းတို့ချီစွမ်းအင်ကိုတိုင်းတာနိုင်ရုံသာမက ကောင်းကင်နတ်သားငယ်အထိပါ ဖြစ်မြောက်နိုင်တယ်။အမြင့်ဆုံး နဝမမြောက်အထပ်ကိုရောက်တဲ့လူဟာချီစွမ်းအင်အမြင့်ဆုံးပဲ၊ထိုလူဟာသေချာကျင့်ကြံရင် နှစ်အနည်းငယ်အတွင်းနတ်ဘုံကိုတက်ရောက်နိုင်တယ်"

"အကြီးအကဲ ကျွန်တော်တို့ကျောင်းသားတွေဟာ ဘယ်အထပ်ကိုရောက်ရင် ဒီစမ်းသပ်ချက်ကိုအောင်မြင်နိုင်မှာလဲ"

"မီးမျှော်စင်ရဲ့ဆဋ္ဌမမြောက်အထပ်ရောက်မှ အောင်မြင်မယ်လို့သတ်မှတ်ထားတယ်။ကျရှုံးတဲ့လူဟာ ခွန်လွန်ကထွက်သွားရမယ်။ဒီစမ်းသပ်ချက်ဟာ လွယ်ကူတဲ့စမ်းသပ်ချက်မဟုတ်ဘူး။
မင်းတို့ထဲကချီစွမ်းအင်မမြင့်တဲ့လူတွေ မယှဉ်ပြိုင်သင့်ဘူး။ဘာလို့လဲဆိုတော့မျှော်စင်က မင်းတို့ချီစွမ်းအင်ကိုစုပ်ယူလိုက်လိမ့်မယ်။အဆင့်နိမ့်ချီစွမ်းအင်သမားတွေက အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်တယ်။လူတိုင်း ကိုယ့်ချီစွမ်းအင်ကိုယ်သိနေကြတာပဲ မနိုင်တဲ့ဝန်မထိမ်းဘဲနှုတ်ထွက်ကြပါ"

"အကြီးအကဲပြောတာကို သေချာမှတ်သားထားပါ။ဆရာတို့မနက်ဖြန်မှာဒီပြိုင်ပွဲကိုစတင်ကျင်းပမယ်။အခုတော့သေချာအနားယူပြီး ဆုံးဖြတ်ကြပါ"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now