"ငါမသောက်ချင်တော့ဘူး"
"ဟာ...မင်းကလဲ အမျိုးမျိုး.... " အခုတစ်မျိုး တော်ကြာတစ်မျိုး လုပ်နေသော Death ကြောင့် Roshan တောင် နားမလည်ဖြစ်သွားသည်။

"ငါပြောစရာရှိလို့"
"အင်းပြောလေ"

"ငါ့ကို တစ်ယောက်ရှာပေး"
"ဟမ်! မင်း...မင်းပြောတာ one night အတွက်လား"

Death စကားကြောင့် Roshan လန့်သွားသည်မှာအမှန်ပင်။
"အင်း....ငါဒီညတစ်ယောက်လိုနေတယ်"
Roshan လဲ Death ရဲ့အောက်ပိုင်းရပ်ဝန်းကိုကြည့်မိတော့ အမှန်တကယ်လိုအပ်နေသည်ပင်။

"ငါ...မရတော့ဘူး Roshan"
ကုတင်ပေါ် ခြေပြစ်လက်ပြစ်လှဲကာ Death ပြောလိုက်လေသည်။

Roshan ကတော့ ထိုအခြေအနေအတွက် ခေါင်းရှုပ်သွားလေသည်။ ဒါပင်မဲ့ ဆုံးဖြတ်ချက်တစ်ခုကို Roshan ချလိုက်ကာ....
"ငါကူမယ်..."

လှဲအိပ်နေသော Death အပေါ်ကို Roshan ခွထိုင်လိုက်လေသည်။
"Ro...Roshan "
"ငါ့ကိုယူ...ငါ့ကိုယူ Death"

"မဟုတ်သေးဘူး... Roshan..ငါတို့ အွတ်..."
ငြင်းနေသောကြောင့် Roshan စကားအပိုမပြောတော့ဘဲ နှုတ်ခမ်းတွေကိုပိတ်အောင် နမ်းပြစ်လိုက်တော့သည်။

ပြီးတော့ Roshan ကိုယ်တိုင်ပဲ အဝတ်တွေကိုချွတ်ပြစ်လိုက်ကာ Death သာယာစေဖို့ ကြိုးစားတော့သည်။
ကြာကြာမခံနိုင်တော့ဘဲ Death တစ်ယောက်လဲ Roshan ရဲ့ အပြုအစုကြားမှာ နစ်မြောကာ လိုချင်တဲ့ခရီးကို လျှောက်လှမ်းလိုက်တော့သည်။

ဒီအတွက် Roshan နောင်တမရပါဘူး...မိမိချစ်တဲ့သူကို ဆန္ဒဖြည့်ဆည်းပေးရတာလောက် Roshan ပျော်တာမရှိဘူး.......
__________________

မနက်နိုးတာနဲ့ ဆိုင်ကိုသွားဖို့ ထူးစစ်သော် ပြင်ဆင်နေမိသည်။
အဝတ်အစားလဲ လဲပြီးတာနဲ့ အောက်ထပ်ကိုဆင်းကာ မနက်စာစားတဲ့အထိ Death ကိုမတွေ့သေး...

ဒါပင်မဲ့ မနေ့ကဖြစ်ထားတဲ့အဖြစ်အပျက်ကြောင့် ထူးစစ်သော် ဘယ်သူ့ကိုမှ စကားမပြောချင်။
စားသောက်ပြီးတာနဲ့ အိမ်ရှေ့ကိုထွက်လာတော့ ဒါရိုက်ဘာ က အသင့်စောင့်နေလေသည်။

သူလဲ အေးဆေးကားပေါ်တတ်ကာ ဆိုင်သို့~~~~

ဆိုင်ရောက်ကတည်းက စီမံတာတွေလုပ်ပြီး မောသွားတာကြောင့် သံပုရာရည်လေးသောက်ကာ bar တန်းရှေ့တွင်ထိုင်နေလေသည်။

Near the love (Complete)Where stories live. Discover now