Final Part(U)

12.3K 752 108
                                    

ငါဆေးရုံမှာအရှက်အတော်လေးကွဲခဲ့တာကြောင့် နောက်တစ်ရက်မှာပဲဆေးရုံဆင်းပြီးအိမ်ပြန်ဖို့လုပ်လိုက်တယ်။ ပြန်ပြေလည်သွားတဲ့ဟိုအသည်းယားစရာအတွဲကတော့ ငါတစ်ညတည်း၂ခါပြန်မေ့လဲသွားတယ်ဆိုတဲ့သတင်းရပြီးသားဖြစ်နေပြီ။ ရှဲ့ယန်ရဲ့အနှောင့်အသွားမလွတ်စနောက်တဲ့ဒဏ်ကိုခံရဦးမှာပေါ့။

ရှူးညန့်ကကြင်နာတတ်တဲ့လူ။ ဒါပေမယ့် သူငါ့ကိုဂရုမစိုက်ဘဲ ခဲ့လော့ကိုဆွဲပြီးမေးလာတယ်။
"မင်းငါ့ကောကိုဘာတွေလုပ်လိုက်လို့လဲ''
ပြီးတော့ အရိုက်ခံထားရတဲ့ရှဲ့ယန်၊ အဲ့အကောင်ဟာ အရိုက်ခံထားရတဲ့ဒဏ်ရာတွေဖြင့်အနာတောင်မကျက်သေးဘဲ ငါ့ရဲ့နှစ်ခါပြန်သတိလစ်သွားတဲ့အမှုကိစ္စကြီးကိုလိုက်လှောင်ပြောင်နေတယ်။

ငါလည်းအဲ့တစ်နေ့လုံးနေရခက်နေတယ်။ ခဲ့လော့ကဟိုတယ်မပြန်သေးဘဲရှိနေတာကိုး။

ငါလည်းဘာဖြစ်နေမှန်းကိုယ့်ဘာကိုယ်မသိဘူး။ အတိတ်တုန်းကငါက ခဲ့လော့ကိုမြင်တာနဲ့ဝတ်ရည်စုပ်ချင်တဲ့ပျားလိုပဲ။ တွေ့တာနဲ့လိုက်ကပ်ပြီး အသားယူဖို့ပဲခေါင်းထဲရှိနေတာ။ ဆေးရုံမှာကတည်းက ငါသူ့ကိုမျက်လုံးချင်းမဆိုင်ရဲတော့ဘူး။ သူငါ့အနားမှာရှိနေတာနဲ့ ငါ့တစ်ကိုယ်လုံးတောင့်တင်းနေပြီး မျက်နှာလေဖြတ်နေသလိုအပြုံးကြီးနဲ့ပြုံးနေရတယ်။ မသိရင် တစ်ပြားလိုနေတဲ့လူလိုပဲ။

ငါ့ပုံစံက ဘာနဲ့တူလဲဆိုတော့ အမြဲဇာတ်ရံနေရာကပါလာတဲ့ဇာတ်ကောင်တစ်ခုကဝုန်းဆို ဇာတ်လိုက်နေရာကဝင်သရုပ်ဆောင်ရသလိုပဲ။ အမြဲဇာတ်ပို့နေရာကသရုပ်ဆောင်နေကျငါက ဇာတ်ဆောင်နေရာမှာကျအူလည်လည်ဖြစ်နေသလိုပဲ။

ညစာစားပြီးတဲ့အထိ ခဲ့လော့ကမပြန်သေးဘူး။ အဲ့ဒီအစား ငါတို့နဲ့အတူရုပ်ရှင်ကြည့်နေတယ်။

ရှောင်ကျားလေးကတော့အိပ်ရာဝင်သွားပြီ။ ငါတို့လူကြီးလေးယောက်ပဲ မူလတန်းကလေးတွေကိုတန်းစီထိုင်ပြီးဇာတ်လမ်းတွဲကြည့်နေကြတာ။ ခဲ့လော့ကငါ့ဘေးမှာထိုင်ပြီး ဇာတ်လမ်းကြည့်နေတာ။ အရင်တုန်းကအဲ့လိုလာထိုင်ရင် ငါကအမြဲသူ့အနားတိုးသွားပြီးတွယ်ကပ်၊ ဒါမှမဟုတ်ရင် သူစားနေတဲ့ရေခဲမုန့်ကိုအပေါ်ကနေအောက်ကိုလျက်ပြီးသူ့ကိုညှို့ဓာတ်ပါတဲ့အကြည့်နဲ့ဆွဲဆောင်၊ အဲ့ဒါမျိုးတွေလုပ်ခဲ့တာ။

Late For Love[Complete]Where stories live. Discover now