၁၄(U)

4.3K 589 43
                                    

ငါဆေးရုံကုတင်ပေါ်မှာပဲ ရက်အတော်ကြာကြာနေလိုက်ရတယ်။ ဒါပေမယ့်လည်းမဆိုးပါဘူး။ ငါ့ဒဏ်ရာကအသေးစားလေးပဲကွဲသွားတာဆိုတော့ချုပ်ရိုးနည်းနည်းပဲပြန်ချုပ်ပေးဖို့လိုတာ။ပြီးတော့ရှူးညန့်ရဲ့လက်ရာနေ့လည်စာလေးနဲ့သာယာ။ တစ်နေကုန်စားလိုက်သောက်လိုက်နဲ့ သူနာပြုဆရာမလေးတွေကိုစလိုက်နောက်လိုက်လုပ်နေတယ်လေ။

ငါသာစိတ်ထဲပါရင် ချစ်စရာကောင်းအောင်လုပ်လည်းဖြစ်တယ်။ သူနာပြုဆရာမလေးတွေကငါ့ကိုဆူတယ် 'အရမ်းဆိုးတာပဲ'တို့ 'လူညစ်ပတ်ကြီး'တို့၊ အဲ့လိုပြောပေမယ့်လို့ သူတို့ကငါ့ကိုဂရုစိုက်ပေးကြတယ်။ လူနာအနေနဲ့နေရတာ ဘဝကြီးကပျော်ဖို့ကောင်းချက်ပဲ။ ငါလည်းပျော်နေလိုက်တာ ကုမ္ပဏီကအလုပ်တွေနဲ့အိမ်ကိုတောင်မေ့တယ်။ ငါဆေးရုံကထွက်မသွားချင်ဘူး။

ဆေးရုံတက်ရတာက ငါ့အတွက်ပျော်ပွဲစားထွက်လာရတာနဲ့ခပ်ဆင်ဆင်ပဲ။ တစ်ခုပဲ သူများတွေက ကမ်းခြေကခုံတန်းလျားပေါ်မှာ နေပူဆာလှုံကြပေမယ့် ငါကတော့ဆေးရုံကုတင်ပေါ်မှာနေပူဆာလှုံတယ်။
တစ်ခါတလေတော့လည်း ဆေးရုံကအဖြူရောင်နံရံတွေကလူတွေကိုစိတ်အေးချမ်းသာမှုပေးစွမ်းနိုင်သား။

ရှဲ့ယန်ကဆေးရုံခန်းတံခါးကိုမျက်နှာစူပုပ်ပုပ်နဲ့တွန်းဖွင့်လာလေတယ်။ ငါကဆေးရုံကုတင်ပေါ်လှဲနေရင်းသူနာပြုတွေယူပေးထားတဲ့အချစ်ဝတ္ထုကိုဖတ်ပြီးတဟားဟားအော်ရယ်နေမိတယ်။ မော့ကြည့်မိမှ အကြွေးရှင်တစ်ယောက်ရဲ့မျက်နှာထားလိုမျိုးလုပ်နေတဲ့ရှဲ့ယန်ကိုတွေ့လိုက်ရတယ်။ ငါလည်းလန့်လွန်းလို့ကျုံ့ပါထိုးတယ်။

ငါ့ရဲ့ယောက်ဖလို့ခေါ်ရမလား။ အဲ့ဒီလူကကုတင်ဘေးမှာလာရပ်ပြီး အပူခံဓာတ်ဘူးလေးကိုစားပွဲပေါ်ဗုန်းခနဲနေအောင်ဆောင့်ချလိုက်တယ်။ သူ့လက်အားကကြီးလွန်းလို့သစ်သားစားပွဲလေးတောင်ခါသွားရတယ်။
"ဘယ်လောက်ကြာအောင်လတ်လျားလတ်လျားလုပ်နေမှာလဲ''

"အဲ....''
ငါဆိုတာ အားနည်းတဲ့လူကိုအနိုင်ကျင့်တတ်ပြီး ငါ့ထက်အားကြီးတဲ့လူရှေ့မှာဆို သူရဲဘောကြောင်တတ်တဲ့လူအဖြစ်နေတတ်တယ်။
"သခင်လေးရှဲ့ ၊ ကြည့်ရတာ ကိုယ့်ဆေးရုံခန်းခကိုကိုယ့်ဖာသာပေးရတော့မယ်နဲ့တူတယ် ဟုတ်လား''

Late For Love[Complete]Where stories live. Discover now