၇(U)

4.3K 576 44
                                    

နောက်တစ်ရက်ကျတော့ တကယ်ကြီး ခဲ့လော့ရောက်ချလာလိမ့်မယ်လို့ငါလည်းမထင်မိဘူးလေ။

ငါဆို ကောင်ချောလေးတွေနဲ့အိပ်နေတုန်းကဆို စိတ်ကြွနေတုန်းပြောချင်ရာပြောတာလေ။ လတောင်ခူးဆွတ်ပေးမယ်ဆိုပြီးပြောဖူးမလားပဲ။အဲ့ဒါက အိပ်ရာထဲကစကားဆိုတော့အမှန်အကန်လို့ယူဆလို့မရဘူးလေ။

ငါမနေ့ညကအပြင်စာတွေအများကြီးစားမိလို့ ဒီနေ့အိမ်မှာချက်တဲ့ထမင်းဟင်းလေးတောင့်တမိသား။

ငါစူပါမားကတ်နားကဖြတ်လာရတော့ ဟင်းချက်စရာလေးတွေဝင်ဝယ်လိုက်တယ်။ ငါဒီလိုဟင်းချက်စရာတွေမဝယ်ဖြစ်တာကြာပြီလေ။ ငါရှေ့ကြည့်နောက်ကြည့်နဲ့လိုမယ်ထင်တာအကုန်ဆွဲသိမ်းချလာတာ။ နောက်ဆုံး အဆုံးသတ်အနေနဲ့ ငါဝယ်လာတာအိတ်ကြီးနှစ်အိတ်စာဖြစ်သွားပါလေရော။

အိမ်ပြန်ရောက်တော့အကုန် ရေခဲသေတ္တာထဲထိုးထည့်လိုက်တယ်လေ။ ငါဘာဆက်လုပ်ရမလဲမသိတော့ဘူး။ ဒုက္ခပဲ။ ငါမှာအခုဘက်ဂျက်ကပြတ်နေပြီ။ အရင်ကလိုဆိုစားဖိုမှူးခေါ်လိုက်ပြီ။ အခုကငါစားချင်ရင် ကိုယ့်ဘာသာကိုယ်ချက်စားရမှာ။ ရေခဲသေတ္တာထဲအိတ်ကြီးတွေထိုးထည့်ပြီး ငါခေါင်းမီးတောက်မတတ် ဟင်းချက်နည်းတွေကိုစဥ်းစားလိုက်တယ်။

ငါ့ကိုအထင်မသေးနဲ့နော်။ ငါဟင်းချက်တတ်ပါတယ်။ ငွေဇွန်းကိုက်ပြီးမွေးလာတဲ့အရှင်သခင်လေးမှမဟုတ်တာ။ သေချာပေါက်ချက်တတ်တာပေါ့။ အခြေခံကျတဲ့ဟင်းချက်နည်းလောက်တော့ငါသိတယ်။ စိတ်မဝင်စားလို့မချက်ဖြစ်တာပဲရှိတာ။ အပြင်မှာထွက်စားဖို့ပိုက်ပိုက်မရှိရင် ကိုယ့်ဘာသာချက်စားရမှာအခြေခံကျတဲ့အသိပဲမဟုတ်လား။ ဘာမှထူးခြားသွားတာမရှိဘူး။ အိုခေ။

အသားစလှီးလိုက်တာနဲ့ထွက်လာတဲ့ညှီစို့စို့အနံ့နဲ့တင်ငါမသက်မသာဖြစ်မိတယ်။ အဲ့အနံ့ကြီးလက်မှာကပ်ပါလာတာ ဘယ်နှကြိမ်ဆေးချချမပြောင်ဘူး။
ပြီးတော့ ငါငရုတ်ပွအစိမ်းကြော်ကြော်ချင်သေးတယ်။ ငရုတ်ပွသီးဘယ်နှလုံးထည့်ကြော်ရမလဲ၊ ဂျင်းတို့ ကြက်သွန်မြိတ်တို့ဘယ်လောက်ထည့်ရမလဲလည်းငါသိမနေဘူး။ လခွမ်း။

Late For Love[Complete]Where stories live. Discover now