နောက်ရက်အနည်းငယ်ကြာတော့ ရှောက်ယန်ကအလုပ်ကိစ္စနဲ့နိုင်ငံခြားသွားရတယ်။ သူငါ့ဆီနေ့တိုင်းဖုန်းခေါ်နေပေမယ့်လည်း ငါ့စိတ်ကဗလာကျင်းနေဆဲပဲ။
တစ်ရက် ငါအလုပ်ပြီးသွားတော့ ခဲ့လော့ရုံးခန်းထဲဝင်လာတာကိုတွေ့လိုက်ရနယ်။ လက်ဝေ့ယမ်းပြနှုတ်ဆက်ပြီး
"ဝင်လာခဲ့လေ။ မင်းအချိန်ရရင်ဒီရှူးရှူးနဲ့ဝင်ကစားသွားပေး''ငါကိုယ့်ကိုယ်အရမ်းဂုဏ်ယူနေမိတယ်။ ငါကသူစွန့်ပစ်လိုက်လို့ကြေကွဲပျက်စီးနေတဲ့ပုံမပေါက်ဘဲ ဘဝသစ်စပြီးပျော်ရွှင်နေတဲ့ပုံကိုပြလိုက်နိုင်တယ်လေ။
ခဲ့လော့ကငါ့ကိုကြည့်ပြီး
"ရှောက်ယန်မနေ့ညက ကျွန်တော့်ဆီဖုန်းခေါ်တယ်''ငါရယ်လိုက်ကာ
"အင်း သူကစီးပွားရေးသမားပဲဟာ။ အဆက်အသွယ်များများရှိတော့ကောင်းတာပေါ့''"သူကျွန်တော့်ကိုအရက်အတူသောက်ဖို့ခေါ်တာ''
"ဒါသာမန်ပဲလေ။ မင်းအချိန်ရရင် မိတ်ဖွဲ့ထားသင့်တာပေါ့''
"လီ သူကျွန်တော့်ကိုညဖက်ကြီးအရက်အတူသောက်ဖို့ခေါ်တာနော် မိတ်ဖွဲ့ချင်ရုံ၊စီးပွားရေးအကြောင်းပြောချင်ရုံလို့မထင်ဘူး''
ငါမတ်တပ်ထရပ်မိလိုက်ပြီး အော်ပါအော်လိုက်မိတယ်
"မင်းဘာပြောလိုက်တာ!!"ငါ့အသံကျယ်လွန်းလို့သူပါလန့်သွားတယ်။
"ရှောက်ယန်ကဒီနိုင်ငံထဲမှာမရှိဘူးလေ။ သူဘယ်လိုလုပ်မင်းဆီညသန်းခေါင်ဖုန်းဆက်ပြီးအရက်သောက်ဖို့ခေါ်မှာလဲ''
ခဲ့လော့လည်းလန့်သွားတယ်
"သူဒီနိုင်ငံထဲမှာမရှိဘူးလား!!"ငါပြုံးလိုက်ကာ
"ဟုတ်တယ်လေ။ မင်းမသိတာရှက်စရာပဲ။ ဒါမှမဟုတ် မင်းငါ့ကိုလန်ကြုတ်ဇာတ်လမ်းလာလုပ်နေတာလား''ခဲ့လော့ကမျက်နှာရဲသွားကာမျက်မှောင်ကျုံ့ပြီး
"မဟုတ်ပါဘူး''"ဟုတ်ပြီ။ အခုလိုအခြေအနေအရ မင်းတို့နှစ်ယောက်ထဲကတစ်ယောက်ယောက်ကလိမ်ပြောနေတာပဲ။ ''
ငါခဲ့လော့ကိုစိုက်ကြည့်ပြီး
"ဒါဆို ကိုယ်ကသူ့ကိုမယုံဘဲ ဘာလို့မင်းပြောတာကိုယုံရမှာလဲ''
![](https://img.wattpad.com/cover/294490774-288-k332126.jpg)
YOU ARE READING
Late For Love[Complete]
RomanceThis is mm translation of Late for Love||遲愛|| Author: 藍淋 I do not own this work. I'm just a translator. All crd to original author.