၁၆.၁(U)

4.2K 596 16
                                    

တဖြည်းဖြည်း ငါSမြို့တော်မှာ မိတ်ဆွေတွေရလာတယ်။ အားလုံးမှာဝါသနာကိုယ်စီနဲ့။ အသောက်လည်းကြူး ဝါသနာကလည်းထူးကြတာမို့ အတူတူသောက်စားပျော်ပါး၊ကောင်လေးတွေနဲ့ပျော်ပါးရင်းအချိန်ကုန်ကြတယ်။ ဒါပေမယ့်လည်း ငါအတိတ်ကိုအမှတ်ရနေဆဲပဲ။

ခဏခဏ ငါလင်ကျင်းကိုသတိရမိတယ်။

သတိရလွန်းလို့ တစ်မနက် ဆိုဖာပေါ်မှာအိပ်နေရင်း လင်ကျင်းရဲ့မကောင်းဆိုးဝါးဆန်ဆန်ပြုံးနေတဲ့မျက်နှာကြီးကိုအိမ်မက်မက်မိသေး။

ဘယ်လိုအိမ်မက်ကြီးလဲ။ ဘာလို့သူကအဲ့လိုကြီးပြုံးနေရတာလဲ။ အရမ်းရုပ်ဆိုးတယ်။

ငါဟိုဖက်လှည့်အိပ်ပြီးအဲ့ဒီမျက်နှာကြီးကိုမေ့ဖျောက်ဖို့ကြိုးစားလိုက်တယ်။ ဒါပေမယ့် မျက်နှာကြီးတစ်ခုကဗြုန်းဆိုပေါ်လာပြီး ''Suprise!!!!"

လခွမ်း အဲ့ဒီမျက်နှာကအစစ်ဟ။

ငါသူ့ပါးစုန့်တွေကိုညှစ်ကြည့်လိုက်ပြီး
"မင်းဒီကိုဘယ်လိုရောက်လာတာလဲ''

"ဟီးဟီးဟီးဟီး....''
ရယ်တာတောင်ဘဝင်ရူးရယ်သံနဲ့။

"ကျွန်တော်တို့ကြော်ညာတစ်ခုရိုက်ဖို့ရောက်လာကြတာ။ မမှတ်မိဘူးလား။ အစကနောက်အပတ်မှရိုက်ဖြစ်မှာ။ အခု အချိန်စာရင်းပြောင်းသွားလို့၊ခင်ဗျားနဲ့စောစောလာတွေ့ရတာပေါ့။ မပျော်ဘူးလား''

ငါအဲ့ဒီအကြောင်းတွေးမိမှ လုံးဝနိုးနိုးကြားကြားဖြစ်သွားရတယ်။

လုဖုန်းနဲ့ကျိုးမိသားစုကလုံးဝမတည့်ဘူး။ မီးနဲ့ရေလိုပဲ။ ဒါပေမယ့် အခုနှစ်တွေအတွင်းမှာ သူတို့ဖက်စပ်လုပ်ဖို့သဘောတူခဲ့ကြတယ်။စီးပွားရေးလောကမှာ ထာဝရမိတ်ဆွေတွေဆိုတာမရှိနိုင်ဘူး။ ဒါကြောင့် ရန်သူတွေကလည်းစီးပွားရေးမှာမိတ်ဆွေတွေဖြစ်လာနိုင်တယ်။ ပြီးတော့ ကျိုးဝမ်းယန်ဆိုတာချန်းရိချန်ရဲ့သားမဟုတ်လား။

နှစ်မိသားစုရဲ့ဖက်စပ်စီးပွားရေးလုပ်ငန်းက Sမြို့တော်က အိမ်ခြံမြေလုပ်ငန်းပဲ။ ရှယ်ယာရှင်တွေကငယ်လည်းငယ်ကြတယ်။ အကုန်သန့်သန့်ပြန့်ပြန့်လေးတွေချည်းပဲ။ ဒါကြောင့် သူတို့လူတွေကိုပဲသူတို့သုံးပြီးကြော်ညာရိုက်ကြတာ။

Late For Love[Complete]Where stories live. Discover now