၁၃(Z)

1.7K 100 4
                                    

ငါအတော်လေးစိတ်ညစ်နေတာကြောင့် ခရီးသွားဖို့ခွင့်ယူလိုက်တယ်။ စိတ်လက်ပြေပျောက်ပေါ့။

နှစ်ပတ်ခွင့်ကိုအလျင်စလိုယူလိုက်ရတဲ့အတွက်ကြောင့် ငါအလုပ်ပြန်ဆင်းတော့သူများတွေကိုမျက်နှာပူနေမိတယ်။

ဒါပေမယ့် အလုပ်တွေပုံနေတာလောက်ကတော့ လီတို့ကစာမဖွဲ့ပေါင်။ အလုပ်တွေတောင်ပုံယာပုံပုံနေတာတောင် အီဖေကိုယ်တို့ကခမ်းခမ်းနားနားပဲစမတ်ကျကျအလုပ်ပြန်လုပ်ဉီးမှာ။

ငါတကယ်အလုပ်ပြန်ဆင်းတော့ ပျင်းရိပျင်းတွဲဖြစ်နေဆဲပဲ။ အပေါ်ကအသံကောင်းဟစ်ထားသလိုတက်တက်ကြွကြွရှိမနေဘူးလေ။

ခဲ့လော့က ငါစာရွက်ပုံကြီးကိုပဲအကြာကြီးငေးစိုက်ကြည့်နေတာကိုသတိပြုမိတော့ သူမေးလာတယ်။
"ဘာဖြစ်တာလဲ''
မေးလည်းမေးချင်စရာကိုး။ ငါကရင်ဘတ်ထုလိုက်နောက်ကျောထုလိုက်လုပ်နေမိတာလေ။

"အာ ကိုယ်နောက်ကျောအောင့်နေလို့''

ခဲ့လော့ကငါ့ကိုစိုက်ကြည့်လာတာကြောင့် ငါလည်းအမျိုးအမည်မဖော်ပြတတ်တဲ့အပြုံးလေးပြန်ပြုံးပြလိုက်တယ်။

ငါလိုအပျင်းကြောဆွဲနေတဲ့အလုပ်သမားဆိုလခအလျှော့ခံရမှာ။ ဒါပေမယ့် ငါသိတယ်။ ခဲ့လော့ကအခုအဲ့လိုမလုပ်လောက်ဘူး။

ငါကြားတာ ရှူးညန့်ရဲ့ခွဲစိတ်မှုကအောင်အောင်မြင်မြင်ပဲပြီးဆုံးသွားတယ်တဲ့။တစ်လအတွင်းရောဂါလက္ခဏာမပြတော့ရင် အရှင်းပျောက်ပြီလို့ယူဆလို့ရတယ်တဲ့။

အဲ့ဒီလိုအကြောင်းတရားတွေကြောင့် အခုအချိန်မှာခဲ့လော့ရဲ့စိတ်အခြေအနေကတိမ်ပေါ်ရောက်နေတဲ့အတိုင်းဖြစ်နေမှာ။ တစ်နေကုန် ပြုံးဖြီးဖြီးနဲ့ဘာခိုင်းခိုင်းမငြင်းဘူး။ အခုလိုငါအလုပ်ထဲစိတ်မရှိတာမျိုးကိုလည်း ဆူပွပွလုပ်အားမှာမဟုတ်ဘူး။

ငါရှူးညန့်အပေါ်ဆိုးဆိုးဝါးဝါးပြုမူခဲ့တာတောင် ခဲ့လော့ကရှူးညန့်ဆေးရုံဆင်းတဲ့ပွဲမှာပါဝင်ဖို့ဖိတ်ကြားလာပေးတယ်။

ငါလူး ငါမသွားချင်ဘူး။

ဆေးရုံကိုလာလည်ကြတဲ့လူတွေအများကြီးရှိနေတယ်။တချို့ကငါသိတဲ့လူတွေ တချို့တွေကိုတော့ငါမသိဘူး။အတော်လေးစည်ကားတယ်။ ရှဲ့မိသားစုအဲ့မှာရှိနေတာကိုတော့ပြောပြဖို့လိုမယ်မထင်ပါဘူး။ လင်ကျင်းရော ကျိုးဝမ်းယန်ရော လုဖုန်းနဲ့ချန်းရိချန်ပါလာကြတယ်။

Late For Love[Complete]Where stories live. Discover now