၂၀.၁(U)

4.6K 581 18
                                    

ခဲ့လော့က နှစ်ရက်လောက်ထပ်နေပြီးမှ Tမြို့တော်ဆီပြန်သွားတယ်။ သူဒီအတောအတွင်း ခဏခဏ Tမြို့နဲ့Sမြို့ကြားကူးလူးသွားလာနေတာ ပိန်သွယ်သွားပြီးမေးရိုးလေးတောင်ချွန်လာသယောင်ရှိတယ်။ ငါနေပြန်ကောင်းလာတဲ့အထိမ်းအမှတ်အနေနဲ့ရှူးညန့်က လူရင်းတွေကိုဖိတ်ပြီး indoor spaလုပ်ပေးတယ်။စိတ်လက်ပေါ့ပါးသွားအောင်တဲ့။

တကယ်တော့ ငါ့အနေနဲ့ စိတ်လက်မပေါ့ပါးသွားဘူး။စဥ်းစားကြည့်လေ Gay လေးယောက်ကရေပူစမ်းမှာအတူတူစိမ်ကြမှာ။ အဲ့ထဲကနှစ်ယောက်က လင်လင်တွေလေ။ မတော်မလျော်တွေလာလုပ်ပြနေမှဒုက္ခ။

ပြီးတော့ ခဲ့လော့ကအပေါ်ပိုင်းဗလာကျင်းနေမှာ။ သူ့ကိုကြည့်ပြီးငါ့မျက်နှာကြီးနီနေရင်လည်းဒုက္ခ။

ငါ့အတွေးတွေဂယောက်ဂယက်နဲ့ပဲ အဝတ်တွေကိုချွတ်ပြီး အောက်ပိုင်းကိုတဘက်အကြီးကြီးတစ်ခုနဲ့ခါးနားကပတ်လိုက်တယ်။ပြီးတာနဲ့ အဝတ်လဲခန်းထဲကနေ ရေပူကန်ဆီထွက်လာလိုက်တယ်။

ခဲ့လော့ကအခုနောက်ပိုင်းငါ့အပေါ်ကောင်းကောင်းဆက်ဆံလာပေးတယ်လို့တကယ်ကြီးထင်နေမိပြီ။

သူရှူးညန့်အပေါ်ဆက်ဆံတာထက်ကိုပိုပြီးသိမ်မွေ့ပြီးညင်သာနေတယ်။ ငါ့စိတ်ထဲကပဲထင်မိတာလားမသိဘူး။

ရေပူကန်နားရောက်တော့ ယောကျာ်းသုံးယောက်ကရောက်နှင့်နေပြီ။ လေထုကလည်းအရမ်းထူးဆန်းနေတယ်။ ရှဲ့ယန်ရဲ့ရုပ်ကထိန်းမရသိမ်းမရကိုပြီတီတီရုပ်ထွက်နေတယ်။ ရှူးညန့်ကတော့ရှက်နေဟန်ရှိတယ်။ ခဲ့လော့.... ငါသူ့ကိုကြည့်မိတော့ကောင်လေးကရှက်သွေးဖြာသွားပြီးရေပူကန်ထဲပဲငုံ့ကြည့်နေတယ်။

အဲ့ကောင်လေး တကယ်တုန့်ပြန်တာပဲ။(TN ခဲ့လော့ရှက်သွားတာကိုပြောချင်တာပါ)

ငါ့နှလုံးသားကတည်ငြိမ်နေပြီးမှ အခုပြန်လည်လှုပ်ခတ်လာပြန်တယ်။

ငါစိတ်တိုပြီးအဲ့ကောင်လေးကိုမားစ်ဂြိုဟ်ပေါ်အထိရောက်အောင်ဖင်ပိတ်ကန်ပစ်ရမှာ။ အဲ့ဒါမှ ငါ့ညီနားလိုက်မကပ်တော့မှာ။

ဒါပေမယ့် တကယ်ကြီးမားစ်ဂြိုဟ်ပေါ်ကန်ထုတ်ခံရမယ့်လူကငါဖြစ်သင့်တာ။

Late For Love[Complete]Where stories live. Discover now