၁၉.၂(U)

4.6K 543 34
                                    

ငါတို့နမ်းရှိုက်နေကြတာဘယ်လောက်ကြာသွားပြီလဲမသိဘူး။ ငါကိုယ်တိုင်ကိုကစိတ်လုံးဝလွတ်ပြီး အနမ်းမှာနစ်မျောနေမိတာ။

ငါသတိပြန်ဝင်လာတော့ငါတို့နှစ်ဦးသား နမ်းနေဆဲပဲ။ ဘယ်သူကအစပျိုးလိုက်တဲ့အနမ်းလဲမမှတ်မိတော့ပေမယ့် အခု နှစ်ဦးနှစ်ဖက်ကအလိုတူအလိုပါနမ်းနေကြ​ပြီ။ ငါတို့တစ်ယောက်နှုတ်ခမ်းတစ်ယောက်နမ်းစုပ်နေကြရင်း လေထုကအပူချိန်မြင့်လာတယ်။ ငါတို့လျှာချင်းယှက်နွယ်မိကြတော့ငါ့နှလုံးသားထဲကကြိုးမျှင်လေးတွေကိုလာတုန်ခါစေသလိုရင်ခုန်လာခဲ့တယ်။ အသက်ရှုတောင်ကြပ်လာရတယ်။ ငါ့ရင်ဘတ်ကြီးပေါက်ထွက်မတတ်ကိုရင်ခုန်နေခဲ့တာ။
 
ဒါအနမ်းလေးတစ်ပွင့်ပဲဟာ၊အရေးမကြီးဘူး အိုကေ။

မင်းရဲ့လက်ဖဝါးကိုချွေးစေးလေးတွေစို့လာအောင်၊ မင်းနှလုံးသားကိုပြင်းပြင်းထန်ထန်ခုန်လာအောင်စေစားတတ်သူတစ်ယောက်ရှိလိမ့်မယ်။ ထိုသူကပဲ မင်းရဲ့ကမ္ဘာကြီးကိုပြီးပြည့်စုံတယ်လို့ထင်အောင် ဖန်တီးပေးလိမ့်မယ်။ သူနဲ့အတူရှိနေရတာကပဲ မင်းရဲ့ကမ္ဘာငယ်လေးဖြစ်နေလိမ့်မယ်။

ဒါပေမယ့် သူကမင်းနဲ့မသက်ဆိုင်တဲ့လူတဲ့။

ဘယ်လောက်ကြာအောင်ငါတို့အနမ်းထဲနစ်မြောနေမိမှန်းမသိဘူး။ ငါ့စိတ်ထဲမှာမျက်တောင်တစ်ခတ်စာပဲကြာတယ်လို့ထင်ရပေမယ့် တကယ်တမ်းအချိန်ကအတော်လေးကြာသွားတယ်။ မိုးဘယ်အချိန်ကတိတ်သွားလဲ၊ထီးဘယ်အချိန်ကလက်ထဲကလွတ်ကျသွားလဲငါတို့နှစ်ယောက်လုံးသတိမမူမိခဲ့တဲ့အထိပဲ။ ခဲ့လော့ငါ့မျက်နှာကိုကိုင်ပြီးထပ်နမ်းလာတာကြောင့်နာကျင်မှုက ငါ့အသိစိတ်ကိုကြည်လင်လာအောင်လုပ်ပေးတဲ့အထိနမ်းခဲ့ကြတယ်။

ခဲ့လော့ကသူကိုင်ထားတဲ့နေရာကငါ့မျက်နှာပေါ်ကဒဏ်ရာမှန်းသိသွားတော့အမြန်လက်ရုတ်ပြီးထပ်ခါထပ်ခါပြောလာတယ်။
"တောင်းပန်ပါတယ်''ဆိုပြီးပေါ့

"ရပါတယ် ရပါတယ်''

ဒါပေမယ့် ခုနကရှိခဲ့တဲ့မှော်ဆန်ဆန်လေထုလေးကပျောက်ကွယ်သွားတယ်။ ငါတို့နှစ်ဦးလုံးအနေရခက်နေတယ်။ ခုနကစိတ်ခံစားချက်ပြင်းပျစွာနမ်းရှိုက်နေခဲ့တာလေ။ မိုးစဲသွားတာကြောင့်ငါတို့ပြင်းပြင်းပျပျနမ်းနေတာကို လမ်းသွားလမ်းလာဘယ်နှယောက်မြင်တွေ့သွားကြလဲမသိတော့ဘူး။

Late For Love[Complete]Where stories live. Discover now