၂၀.၂(U)

4.8K 629 17
                                    

ငါအိမ်ပြန်ရောက်တော့ ရှူးညန့်ကတံခါးလာဖွင့်ပေးတယ်။ ထူထဲတဲ့အဝတ်တွေနဲ့ဆိုတော့ သူအပြင်သွားမလို့ထင်တယ်။ သူငါ့ကိုတွေ့တော့ စိတ်အေးသွားဟန်သက်ပြင်းချကာ.
"တော်ပါသေးရဲ့ ကျွန်တော်အပြင်ထွက်တုန်းရှောင်ကျားတစ်ယောက်တည်းကျန်ခဲ့မှာကိုစိုးရိမ်နေတာ။ကျွန်တော် အချိန်မှီပြန်မရောက်ရင် ရှောင်ကျားကိုည၈ခွဲမှာနို့ပူပူလေးတိုက်ပေးထားနော် ကော။ပြီးရင်သူ့ကိုတီဗီနာရီဝက်လောက်ကြည့်ခိုင်းပြီးသိပ်လိုက်တော့။ ကျွန်တော်အပြင်သွားလိုက်ဦးမယ်''
အဲ့ဒီအသုံးမကျတဲ့ သနားစရာအနှီယောကျာ်းရယ်။

ဘေးကရှောင်ကျားလေးကပြောလာတယ်
"ဒယ်ဒီ သားဘာသားနို့သောက်လို့တတ်ပါတယ်''
ငါကကလေးငယ်လေးရဲ့ခေါင်းလေးကိုပုတ်ပေးလိုက်ကာရှူးညန့်ကိုမေးလိုက်တယ်။
"မင်း ဘယ်သွားမလို့လဲ''

"အို ရှဲ့ယန်ရဲ့အဖေကအိမ်ကိုခဏလာပါ။ ဆွေးနွေးစရာလေးရှိလို့တဲ့။ ညနေပဲရှိသေးလို့။ကျွန်တော်မမှောင်ခင်ပြန်လာခဲ့မယ်''

"ဘာပြောမှာမို့တဲ့လဲ ဖုန်းနဲ့ပြောလို့မရဘူးတဲ့လား။ ''

ရှူးညန့်ကခေါင်းကိုခါရမ်းလိုက်ပြီး
"ကျွန်တော်လည်းမသိဘူး။ ရှဲ့ယန်နဲ့ဆိုင်မယ်ထင်တယ်။''

သူကရယ်လိုက်ပြီး
"ကျွန်တော်ဟိုရောက်မှသိမှာပေါ့။ ''
သူ့ရယ်သံကအနည်းငယ်ခြောက်ကပ်နေတယ်။ ကြည့်ရတာ မကောင်းတဲ့ကိစ္စထင်တယ်။

"ကော''
ရှူးညန့်ကငါ့ကိုခေါ်ပြီး
''လိင်တူကြိုက်တဲ့ရောဂါက ကုသလို့ရပါ့မလားဟင်''

ငါကရယ်လိုက်ပြီး ''ဘာတွေပြောနေတာလဲ။ အဲ့ဒါ ရောဂါမှမဟုတ်တဲ့ဟာကို''

သူကငါ့ကိုကြည့်ပြီး
"ရှဲ့ယန်ကအစကမိန်းကလေးတွေကိုပဲကြိုက်တာ။ ကျွန်တော်ကသူ့ကိုအရမ်းသဘောကျလွန်းလို့ သူတဖြည်းဖြည်း....''
သူကတုန့်သွားပြီး ''အခုတော့ နဂိုလိုပြန်မဖြစ်နိုင်တော့ဘူးနဲ့တူပါတယ်''

ငါလည်းရင်ထဲအောင့်သွားပြီး သူ့ကိုနှစ်သိမ့်ပေးချင်လိုက်မိတယ်။ ဒါပေမယ့် ခုနကစားသောက်ဆိုင်ကဖြစ်ရပ်ကငါ့ခေါင်းထဲပြန်ပေါ်လာတယ်။ ငါလည်းဘာပြောကမှန်းမသိတာနဲ့ သူ့ရဲ့ပိန်ပါးလှတဲ့ပုခုံးလေးတွေကိုဖက်လိုက်ကာ
"ကော မင်းကိုကားနဲ့လိုက်ပို့ပေးမယ်''

Late For Love[Complete]Where stories live. Discover now