၂(U)

7K 756 42
                                    

NSFW warning❗

ငါအသေကောင်တစ်ကောင်လိုအိပ်ပျော်သွားတယ်။ ငါမျက်လုံးတွေမှိတ်လိုက်ပြီးပြန်ဖွင့်လိုက်တာနဲ့မနက်ရောက်သွားတဲ့အတိုင်းပဲအချိန်ကုန်တာမြန်လိုက်တာ။
 
ငါဒီလိုကောင်းကောင်းအိပ်မပျော်တာကြာပြီ။ ဆရာဝန်ဆီကညွှန်ကြားထားတဲ့ဆေးသောက်အိပ်တာထက်တောင်စွမ်းသေးတယ်။

ငါဘေးကိုအသာလေးလှည့်ကြည့်တော့ ငါ့ဘေးမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်လေးကိုတွေ့လိုက်ရတယ်။ စောင်အောက်ကနေတစ်ဝက်တစ်ပျက်ထွက်ပေါ်နေတဲ့သူမျက်နှာလေးကနုဖတ်နေတယ်။ နှုတ်ခမ်းလေးတွေကဂျယ်လီတုံးလေးကိုအိစိစိနဲ့စူစူကလေးဖြစ်နေတယ်။ မျက်တောင်အရှည်ကြီးတွေကမျက်ဝန်းအောက်ကိုဖြာကျနေကာ နှာတံစင်းစင်းတို့ကလည်းသူ့မျက်နှာသွင်ပြင်ကိုအေးစက်စက်ကလေးဖြစ်နေစေတယ်။ သူ့လက်တွေကတော့ ငါ့ခါးပေါ်မှာတင်လျက်သားရှိနေဆဲဖြစ်ကာ တွယ်ကပ်တတ်တဲ့ကလေးလေးတစ်ယောက်ပမာဖြစ်နေတယ်။

သူနိုးလာမှာစိုးလို့ ငါ့ကိုယ်ကိုအသာလေးလှည့်လိုက်ရင်းထလိုက်တယ်။ မျက်ဝန်းကတော့အနှီကောင်လေးဆီမှာပဲရှိနေတုန်း။

ငါသူ့ကိုပထမဆုံးစတွေ့တုန်းက ဒီလိုကောင်လေးလှလှမျိုးကရှားပါးပစ္စည်းလေးဖြစ်လိမ့်မယ်လို့မထင်ခဲ့မိဘူး။ ဒါပေမယ့် အခု ငါသူ့ကိုငေးကြည့်မိလေလေ သူ့ကိုသဘောကျလာလေလေပဲ။ ဒီလို မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုမျိုးက တစ်သန်းမှာတစ်ယောက်ပြည့်ဖို့တောင်ခက်တယ်လေ။

ကြမ်းပေါ်မှာပုံကျနေတဲ့ငါ့ဘောင်းဘီထဲကဖုန်းကတဒီးဒီးမြည်လာတယ်။ ငါလည်းအိမ်မက်လေးကနေနိုးထလာကာအမြန်ထကိုင်လိုက်တယ်။
"ဟဲလို''

"လီ မင်းဘယ်မှာလဲ ငါတို့မင်းကိုစောင့်နေပြီ''

ငါ့နာရီကိုအမြန်ကြည့်မိတော့ ဒီနေ့အပွိုင့်မန့်တစ်ခုချိန်းထားတာငါသတိရသွားတယ်။ မနေ့ညကငါအရမ်းပင်ပန်းသွားပြီးအခုထိအိပ်ပျော်သွားရတာ။

"အားနာပါတယ်ဗျာ ကျွန်တော့်ကိုမိနစ်နှစ်ဆယ်လောက်အချိန်ပေးပါ။ ခုချက်ချင်းလာခဲ့ပါ့မယ်''

Late For Love[Complete]Where stories live. Discover now