၁၈.၂(U)

4K 547 12
                                    

စကားပုံတောင်ရှိသေးတယ်မဟုတ်လား။ 'ကံဆိုးမသွားရာမိုးလိုက်လို့ရွာ'တဲ့။ ကြည့်ရတာ ငါLAမှာကတည်းကစကံဆိုးလိုက်တာအခုTမြို့တော်အထိပဲ။ အခုSမြို့တော်ရောက်တော့ငါ့ကံဆိုးမှုက ရှဲ့ယန်အထိပါကူးသွားပြီ။

ရှဲ့ယန်အခုတလောရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းကအဆင်မပြေဘူး။ သူကဒီတစ်ခါလျှပ်စစ်ပစ္စည်းစမ်းသပ်တီထွင်နေတဲ့ပရောဂျက်မှာရင်းနှီးထားတာ။ဒါပေမယ့် စျေးကွက်ထဲကိုတခြားကုမ္ပဏီကဦးအောင်ထုတ်လုပ်ပစ်လိုက်တယ်။ ပိုပြီးစျေးချိုချိုနဲ့ ပစ္စည်းအရည်အသွေးကငါတို့ပစ္စည်းနဲ့တထေရာတည်းပဲ။

ငါတို့ဘယ်လိုတီထွင်ထွင်သူတို့ကငါတို့ထက်ခြေတစ်လှမ်းသာနေတယ်။ မတတ်နိုင်စွာပဲ ငါတို့ရှုံးသွားရတယ်။

ငါတို့အရှုံးပေါ်တာအတော်လေးများတာကြောင့် ရန်ပုံငွေတွေတောင်ပြန်ရှာဖို့မလွယ်တော့ဘူး။ငါဒီလိုအသေမခံနိုင်ဘူး။

ရှဲ့လုပ်ငန်းစုက ဒီပရောဂျက်ပေါက်ကြားသွားတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီ။ သူတို့ဆက်စုံစမ်းလေလေ ပါဝင်ပတ်သက်နေတဲ့သံသယလူစာရင်းကများလာလေလေပဲ။ ဝန်ထမ်းတွေအကုန်မလုံမလဲဖြစ်လာကြရတယ်။

အရှုံးပေါ်တာအတော်လေးများတာကြောင့်ရှဲ့ယန်ရဲ့လုပ်ငန်းတစ်စိတ်တဒေသလောက်ပါသွားရတယ်။

ရှဲ့လုပ်ငန်းစုနဲ့ငါဆိုတာသူစိမ်းသာသာပဲ။အဲ့ဒါကြောင့် အခုလိုဖြစ်နေတဲ့အချိန်မှာဖုတ်ဖတ်ခါပြီးငါပစ်သွားလို့ရပေမယ့် ငါ့ညီလေးရှိနေတယ်လေ။

ငါကုမ္ပဏီအတွက်ဗျာများနေရတုန်း ရှောက်ယန်ကအသံသွင်းထားသလိုစာတွေဆက်တိုက်ပို့လာတယ်။
''ဒါလင်ကျွန်တော့်ကိုလုပ်စေချင်တာအကုန်လုပ်ပါ့မယ်''တို့၊ ''ဒါလင့်ရဲ့ခွင့်လွှတ်မှုကိုရဖို့ဆိုဘာမဆိုပေးပါ့မယ်''တို့ပေါ့။ ရှဲ့ယန်ကငါ့ကိုရယ်ပါလေရော။

အကုန်လုပ်မတဲ့လား။ ဘယ်လိုလဲ။ ကိုယ်မင်းကိုတစ်ခါလောက်အခွင့်အရေးပေးကြည့်တာပေါ့။ တန်မတန်ကြည့်ရသေးတာပေါ့လေ။

ငါရှောက်ယန်ဖုန်းကိုလက်ခံပြောလိုက်တယ်။ သေချာပေါက်ငါ့နှလုံးသားထဲကနာနေသေးတယ်။ တခြားဘာခံစားချက်မှမရှိတော့ဘူး။ ဒါပေမယ့် ငါဘယ်လိုဒါကြီးကိုဆက်သည်းခံရမလဲ။ ဒါချီးပုံကြီးဆိုတာသိပြီးသားကိုလေ။

Late For Love[Complete]Where stories live. Discover now