Chapter(75):အုတ်ဂူများဆီ အလည်သွားကြခြင်း-2

Start from the beginning
                                    

"ဟုတ်တယ်။ ဖြတ်သန်းခပေး။" လျိုထျဲ့ကျူက သံယောင်လိုက် ပြောလိုက်တယ်။

မိသားစုထဲက တစ်ဦးတည်းသောကလေးဖြစ်တဲ့ လျိုထျဲ့ကျူက သူငယ်ငယ်လေးကတည်းကနေ အလိုလိုက်ခံခဲ့ရတာ ဖြစ်ပြီးတော့ ဥပဒေမဲ့စရိုက်လက္ခဏာနဲ့ ပုံသွင်းခံခဲ့ရသူ ဖြစ်တယ်။ လောင်းကစားလုပ်ရတာကို ကြိုက်တဲ့သူက အချိန်နဲ့အမျှ လောင်းကစားလုပ်ဖို့ မြို့ပေါ်တက်လေ့ရှိတယ်။ ရလဒ်အနေနဲ့ကတော့ သူကကံမကောင်းခဲ့ပဲ အကြိမ်တိုင်း ရှုံးသွားခဲ့တယ်။ နှစ်တွေကြာလာတော့ အပြင်ဘက်ကမ္ဘာမှာ သူက ငွေပမာဏအမျိုးမျိုးနဲ့ အကြွေးတွေ အမြောက်အမြား တင်နေခဲ့တယ်။ သူ့မိသားစုထဲက တန်ဖိုးကြီးသမျှ အရာအားလုံးက လောင်းကစားလုပ်ဖို့အတွက် သူ့ရဲ့ယူဆောင်သွားခြင်းကို ခံခဲ့ကြရတယ်။ အဲ့ဒါကြောင့် ဒီမှာ ဘာငွေမှ မကျန်ခဲ့တော့ပါဘူး။ ဒါပေမဲ့ အဲ့အချိန်တုန်းက သူတစ်စုံတစ်ယောက်ကို လက်ထပ်ဖို့အတွက် ဘယ်နေရာကနေ သူငွေတွေရလာခဲ့တာလဲ? မိသားစုက လျိုထုံကို ရောင်းခဲ့ကြတယ်။ အခုထက်ထိ မိသားစုက ဆင်းရဲတဲ့ဘဝမှာ နေထိုင်နေရတုန်းပဲ ဖြစ်တယ်။

ဒီနေ့ သူလျိုထုံကို တွေ့လိုက်ရတဲ့အချိန်မှာ တကယ်လို့ တစ်ဖက်လူက အရင်တုန်းကလိုမျိုး ဆင်းရဲနေသေးမယ် ဆိုရင်တောင်မှ သူသူ့ဆီကနေ တစ်ခုခုကို ရနိုင်ဖို့အတွက် ဖြစ်နိုင်ချေရှိသမျှ နည်းလမ်းတွေကို သူစဉ်းစားနေမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုချိန် သူမြင်လိုက်ရတဲ့ ရလဒ်အရဆိုရင် သူတို့မိသားစုမှာ စားဖို့ အသားရှိနေရုံတင်မကပဲနဲ့ ဝတ်ဆင်ဖို့ အဝတ်အစားအကောင်းတွေလည်း ရှိနေသေးတယ်။ ဒါ့အပြင် လျိုထုံရဲ့ခေါင်းပေါ်က ရွှန်းရွှန်းစိုနေတဲ့ အဖြူရောင် ကျောက်စိမ်းဆံထိုးက သူ့အတွက် ပိုပြီးတော့တောင် စွဲဆောင်မှုရှိနေတယ်။

ကျောက်စိမ်းဆံထိုးကိုပဲ လိုချင်နေတဲ့ နောက်ထပ်တစ်ယောက်ကတော့ ငယ်ငယ်လေးကတည်းကနေ လျိုထုံကို မုန်းတီးနေခဲ့တဲ့ လျိုဖျောင့်ပဲဖြစ်တယ်။ အကြောင်းပြချက်ကတော့ သူတို့နှစ်ယောက်စလုံးက ကောတွေဖြစ်ကြသော်ငြားလည်း လျိုထုံက လျိုဖျောင့်လောက် မလှပတာကလွဲ၍ သူက အရာအားလုံးကို လုပ်ကိုင်နိုင်သောကြောင့် ဖြစ်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now