Chapter(75):အုတ်ဂူများဆီ အလည်သွားကြခြင်း-2

Start from the beginning
                                    

သူတို့နှစ်ယောက်စလုံးက ခြင်းတောင်းထဲက အဆီပါတဲ့အသားတုံးကို လိုချင်နေကြတာ ဖြစ်တယ်။ လျိုထုံဦးလေးအကြီးဆုံးရဲ့ ခင်ပွန်းသည်က အသားကိုယူဖို့ ကြိုးစားနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်ကို ကျိန်ဆဲနေတယ်။ သူတို့ဘေးမှာရှိနေကြတဲ့ လျိုထုံရဲ့ဦးလေးအကြီးဆုံးနဲ့ လျိုဖျောင့်တို့ကတော့ သူတို့တွေလည်း ဒါကို အရမ်းလိုချင်နေကြသော်ငြားလည်း သူတို့တွေ ဒီလိုမျိုးလုပ်ဖို့အတွက် အရမ်းရှက်ရွံ့နေမိကြတာကြောင့် အဲ့ဒါကို သွားမယူကြပါဘူး။

ဒါက တကယ်ကို ပြပွဲကောင်းတစ်ခု ဖြစ်တယ်။ အဆုံးတွင် အဆီပါတဲ့အသားကို လူနှစ်ယောက်က ခွဲယူလိုက်ကြပြီးတော့ ထမင်းကိုတောင် ယူဆောင်သွားကြပြီး သူတို့ရဲ့ပါးစပ်တွေအထဲကို ထည့်လိုက်ကြတယ်။ အမှန်အတိုင်းပြောရရင် သူတို့တွေက ဒုက္ခသည်တွေနဲ့ ဘာမှမကွာခြားကြပါဘူး။

သူတို့တွေရဲ့လုယက်မှု ပြီးဆုံးသွားတဲ့အချိန်မှာ ရှုရန်က သစ်သားပန်းကန်လုံးလေးသုံးလုံးသာ ကျန်ခဲ့တော့တဲ့ ခြင်းတောင်းကို ပြန်ကောက်ယူလိုက်တယ်။ ဒါပေမဲ့ ဒါတွေကို ဆုံးရှုံးလိုက်ရတာကြောင့် ရှုရန်တစ်ယောက် သည်းခံမနေနိုင်ပါဘူး။

"မိသားစုတို့ ခင်ဗျားတို့ဟင်းပွဲတွေကို လုယူပြီး စားသောက်ပြီးပြီ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ပြန်ခွင့်ပြုတော့! အချိန်က နောက်ကျနေပြီ။ ပြီးတော့ ခရီးပေါက်အောင်သွားဖို့က အကွာအဝေးအရှည်ကြီး ကျန်နေသေးတယ်။"

"လုယူတယ်" ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတော့ လျိုထုံရဲ့ဦးလေးအကြီးဆုံးက အဲ့ဒီလူတွေကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆဲရေးလိုက်တယ်။ "ရှက်ပြီး လဲသေလိုက်ကြဖို့ ကောင်းတယ်။"

လျိုထုံဦးလေးအကြီးဆုံးရဲ့ခင်ပွန်းက သူ့မှာ မျက်နှာအရေထူထူ ရှိတယ်ဆိုတာကို ပြသလိုက်တယ်။ သူ့လက်တွေကို သူ့ရဲ့တင်ပါးတွေအပေါ်မှာ တင်ထားလိုက်ပြီးတော့ ရှုရန်ကို သူတားလိုက်ပြီး ပြောလိုက်တယ်။ "သွားချင်တယ်ပေါ့? ဒီလမ်းက ငါ့အိမ်အရှေ့ကလမ်း။ တကယ်လို့ မင်းဖြတ်ချင်တယ်ဆိုရင် မင်းဖြတ်သန်းခ ပေးရမယ်။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now