Chapter(75):အုတ်ဂူများဆီ အလည်သွားကြခြင်း-2

Start from the beginning
                                    

စကားပြောပြီးနောက် ရှုရန်က မတ်တပ်ထရပ်လိုက်တယ်။ အနောက်ကို လှည့်ကြည့်လိုက်တော့ လျိုထုံတစ်ယောက် သူ့အနောက်မှာ အပြုံးလေးတစ်ပွင့်နဲ့ ရပ်နေတာကို သူမြင်လိုက်ရတယ်။ "ရန် ငါမင်းပြောတာတွေအားလုံးကို ကြားပြီးပြီ။ ငါမင်းကို ယုံတယ်။"

ရှုရန်က ပြုံးလိုက်ပြီး အရှေ့ကို တိုးသွားလိုက်ပြီးတော့ သူ့ရဲ့လက်ကို ဆွဲကိုင်လိုက်တယ်။ ထို့နောက် မိသားစုက သူတို့ရဲ့ပစ္စည်းတွေကို ထုပ်ပိုးလိုက်ကြပြီးတော့ သူတို့ရဲ့ခြင်းတောင်းနဲ့အတူ စတင်လမ်းလျှောက် ပြန်လာခဲ့ကြတော့တယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ အိမ်ပြန်လမ်းမှာ သူတို့တတွေ အတားခံလိုက်ရတယ်။ လျိုထုံဦးလေးအကြီးဆုံးရဲ့ မိသားစုဝင်တွေအားလုံးက သူတို့ရဲ့အိမ်တံခါးဝမှာ သူတို့တွေကို စောင့်ဆိုင်းနေကြတယ်။

စုစုပေါင်း လူငါးယောက်ရှိတယ်။ လျိုထုံရဲ့ဦးလေးအကြီးဆုံးနဲ့ သူ့ခင်ပွန်းသည်၊ သူ့ရဲ့ဝမ်းကွဲညီငယ်နဲ့ သူ့ခင်ပွန်းသည်နဲ့ တစ်ဆယ့်ငါးနှစ် ဒါမှမဟုတ် တစ်ဆယ့်ခြောက်နှစ်အရွယ်ရှိတဲ့ ကောတစ်ယောက်။

သူတို့တွေကို မြင်လိုက်တာနဲ့ချက်ချင်း လျိုထုံရဲ့ဝမ်းကွဲညီငယ်ဖြစ်တဲ့ လျိုထျဲ့ကျူက ရှုရန်ရဲ့လက်ထဲက ခြင်းတောင်းကို လုယူဖို့ ရောက်လာတယ်။ ရှုရန်ကဒါအတွက် မပြင်ဆင်ထားခဲ့တာကြောင့် ခြင်းတောင်းက ဒီလိုမျိုးနဲ့ပဲ ဝမ်းကွဲညီရဲ့ယူဆောင်သွားခြင်းကို ခံလိုက်ရတယ်။

ခြင်းတောင်းထဲတွင် ထမင်းအပြင် ကြက်ပေါင်တစ်ချောင်းနဲ့ အဆီပါတဲ့ အသားတုံးကြီးတစ်တုံးလည်း ရှိနေတယ်။

လျိုထျဲ့ကျူတစ်ယောက် ခြင်းတောင်းကို ရလိုက်တာနဲ့ မကြာခင်မှာပဲ သူဒါကို ဖွင့်လိုက်တယ်။ အထဲမှာရှိတဲ့အရာတွေကို မြင်လိုက်တော့ အဲ့ဒါတွေကို ကိုးကွယ်ဆက်သထားတဲ့ အရာတွေအဖြစ် အသုံးပြုထားတယ်ဆိုတဲ့ ဖြစ်ရပ်ရှိနေသော်ငြားလည်း သူချက်ချင်း ကြက်ပေါင်ကို ကောက်ယူလိုက်ပြီးတော့ သူ့ပါးစပ်ထဲကို ထည့်လိုက်တယ်။

လျိုထျဲ့ကျူတစ်ယောက် ကြက်ပေါင်ကို သူ့ပါးစပ်ထဲ ထည့်လိုက်တာကို တခြားလူတွေ မြင်လိုက်ရတဲ့အချိန်မှာ သူတို့တွေဆက်ပြီး မလှုပ်မယှက်ပဲ မနေနိုင်ကြတော့ပါဘူး။ အရင်ဆုံး ရောက်လာကြတဲ့ လူတွေကတော့ လျိုထုံဦးလေးအကြီးဆုံးရဲ့ ခင်ပွန်းသည်နဲ့ လျိုထျဲ့ကျူရဲ့ ခင်ပွန်းသည်တို့ ဖြစ်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now