"ဟုတ်တယ်.... ကိုဇေ နဲ့ နေ့လည်စာစားမလို့ လာခေါ်တာ"
"Sorry ပါ ကျွန်တော့်ကလေးလေး က ထမင်းချိုင့် ယူလာလို့ နောက်မှ"
"ကိုကို... သွားလိုက်ပါ အားနာစရာကြီးလေ "

လပြည့်ဝန်း ကတော့ ဇေရဲမာန် အင်္ကျီလက်ကလေးကိုဆွဲကာပြောရှာသည်။ ဇေရဲမာန် ကတော့ အပြုံးမပျက်ပဲ ခေါင်းကိုပုတ်ကာ..
"ကိုကို့ကလေးလောက် ဘယ်အရာမှ အရေးမကြီးဘူး မွ"

နှာဖူးကိုနမ်းက ပြောလိုက်တာကြောင့် အရှေ့က သူမမှာ လက်သီးကိုကျစ်နေအောင်ဆုတ်ထားမိသွားသည်။
"ဒါဆို ကျွန်မကို ခွင့်ပြုပါဦး" သူမဒီမြင်ကွင်းကို ဆက်ပြီးမကြည့်နိုင်တော့ဘူး။

သူမကိုသဘောကျနေသော ယောကျာ်း တွေ သူမကိုမှ လိုချင်နေကြသောသူတွေမှ အများကြီး ခက်တာက သူမကိုယ်တိုင်က အိမ်ထောင်ရှိပြီးသားသူကိုမှ စွဲလမ်းမိသွားသည်။

'ဟက်...ယောက်ျားလေး နဲ့ မိန်းကလေး ဆွဲဆောင်မှုချင်းက ကွာပါတယ်...တစ်ချိန်ချိန်ငါ့အထိအတွေ့ကို ကိုဇေနှစ်သက်လာစေရမယ်'

ရုံးခန်းအတွင်း ကျန်နေခဲ့သော လပြည့်ဝန်း မှာ ဇေရဲမာန် ကို ဗိုက်ခေါက်ဆွဲပြီး
"ကိုကို..သူများကို အားနာစရာကြီးလေ"
"ဟင့်အင်း နေပါစေ ကိုယ့်ကလေးလောက် ဘယ်အရာကို မှ ဦးစားမပေးနိုင်ပေါင်"

စပ်ဖြဲဖြဲလုပ်နေသောသူကို လပြည့်ဝန်း မနိုင်တော့...
"ကိုကို...သားကိုချစ်လား"
"အယ်...အသည်းယားအောင် မလုပ်နဲ့နော်။ ကိုယ်ရုံးခန်းထဲလဲ ရှောင်မှမဟုတ်ဘူး...အခန်းကအသံလုံတယ်...ချစ်ပါ့ဗျာ..."

နှစ်ဦးသား နီးကပ်လာသော မျက်နှာတွေကြောင့် ရင်ခုန်မှုတွေကအတိုင်းသား...
'ဒေါက်..ဒေါက်..ဒေါက်...'
"Boss"

တံခါးဖွင့်ကာ ဝင်လာသော ဥက္ကာကြောင့် ဇေရဲမာန် ရဲ့ဒေါသတွေကြီးသွားကာ တွေ့ရာနဲ့ကောက်ပေါက်တာကြောင့် လပြည့်ဝန်း တားယူလိုက်ရသည်။
_________________

အခုတလောအမှုတွဲတွေကြောင့် ထူးစစ်သော် မှာ ချစ်ရသူဆီသို့ စိတ်တောင်မရောက်နိုင်တော့....

တစ်ပါတ်ကျော်နေပြီဖြစ်သောအမှုမှာလဲ နောက်ထက်မိန်းကလေးပျောက်တာ မရှိသော်ငြားလဲ တရားခံတွေကိုမမိသေး...

Near the love (Complete)Where stories live. Discover now