ဟိုကောင်လေးကိုလဲ Suprise တိုက်ရမည်။ ဒါနဲ့သူကောအဆင်ပြေရဲ့လား စကားမပြောတာတောင် ကြာလှပေ့.......
_____________

"ဘာ...သူကတရားခံမဟုတ်ဘူးပေါ့"
"ဟုတ်တယ် ဆရာ...သူကမူးမူးရူးရူးတဲ့ နှာထရုံပဲ...ပြီးတော့ အဲ့နေ့ညက အဲ့ရပ်ကွက်မှာမဟုတ်ဘဲ နောက်ရပ်ကွက်တစ်ခုမှာ မိန်းကလေးတစ်ယောက် ပျောက်သွားတယ် "

"ဒါဆို အဲ့လူက ငါတို့လာစောင့်နေတယ်ဆိုတာသိလို့များလား။ ဒါမှမဟုတ် သူလိုချင်တဲ့ သားကောင်က အဲ့ရပ်ကွက်ကများလား"

ထူးစစ်သော် မိန်းကလေးတစ်ယောက် လို အသွင်ယူတဲ့ညက ဖမ်းမိတဲ့သူက အရက်သမားငမူးသက်သက်ပင်။ ထိုလူ၏ အမျိုးသမီး ကလဲ တောင်းတောင်းပန်ပန်နဲ့ အာမခံကာ ပြန်ထုတ်သွားပြီ။

လူပျောက်တာကတော့ ဆက်လက်ရှိနေတုန်းပင်။
နံရံပေါ်ရှိ ပျောက်ဆုံးသွားသော မိန်းကလေးသုံးယောက်ပုံကိုကြည့်မိတော့ သုံးယောက်လုံးက အသက်၂၀ဝန်းကျင် မိန်းကလေးတွေပင်။ ပြီးတော့ အဆောင်နေတဲ့သူတွေ....

ရုပ်ရည်အားဖြင့် အသင့်အတင့်ရှိလေသည်။ ထူးခြားချက်က ကောင်မလေးတွေပျောက်သောနေရာတွေမှာ သူတို့ရဲ့ အိတ်တွေကျန်နေခဲ့သည်။

ထူးစစ်သော်စဥ်းစားမရပေ။ သဲလွန်စကျန်ခဲ့တာမရှိပေ။ သေချာတာက ဒီလူကသိပ်ကိုပိရိနေတာပင်။

"ဆရာ....မျက်မြင်သက်သေတစ်ယောက်ရှိတယ်လို့ သတင်းရလို့"
ထက်ပိုင် လာပြောလို့ ထူးစစ်သော်နဲ့ နှစ်ယောက်သားမျက်မြင်သက်သေရှိရာသို့......
.
.
.
'ဒေါက်...ဒေါက်' လိပ်စာအတိုင်း ရောက်လာကာ တံခါးခေါက်ကြည့်လိုက်သည်။ အထဲကနေ အမျိုးသမီးတစ်ဦးထွက်လာကာ
"ဘယ်သူတွေလဲရှင့်"

"ကျွန်တော် ရဲမှူး ထူးစစ်သော် ပါ... ဒီကမျက်မြင်သက်သေလားမသိဘူး။"
"သြော်...ကျွန်မမဟုတ်ဘူး ကျွန်မသမီးပါ...အထဲကိုကြွပါရှင်...."

ထိုအမျိုးသမီးက သူတို့ကို ဧည့်ခန်းမှာထိုင်စေပြီး သမီးဖြစ်သူကိုအပေါ်ထပ်သို့ သွားခေါ်ကာ ပြန်ဆင်းလာလေသည်။

"ဆရာတို့ အေးဆေးစကားပြောကြပါနော်။ ကျွန်မသောက်စရာလေးသွားယူလိုက်ပါဦးမယ်"

Near the love (Complete)Where stories live. Discover now