[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: မကျေနပ်ဘူး.jpg ]

[ လီချင်းက ဘဝနဲ့ဝူကျင်းကို ချစ်တယ်: ထန်ကောနဲ့ ဒီရက်ပိုင်းထဲ အဆက်အသွယ်မရှိသေးဘူးတဲ့ ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ထန်ကော ငါ့အပေါ်ဖောက်ပြန်နေတာ မဟုတ်လောက်ပါဘူးနော်!? ထိတ်လန့်စိုးရိမ်တုန်လှုပ်နေ.jpg ]

[ စာကျက်နေတယ် မနှောင့်ယှက်ပါနှင့်: ထားလိုက်ပါတော့၊ ငါပဲ အိမ်အပြင်ထွက်ရှာလိုက်တော့မယ်။ ဒီနားပတ်ဝန်းကျင်လောက််မှာပဲ နေမှာ! ]

[ လီချင်းက ဘဝနဲ့ဝူကျင်းကို ချစ်တယ်: အိုကေ၊ ရှာမတွေ့ရင် ငါတို့ကိုဖုန်းဆက်လိုက်နော်။ ဝူကျင်းနဲ့ငါ မအိပ်ဖြစ်သေးဘူး။ ]

ဟယ်ရှင်းချွမ်ဟာ ဖုန်းပြန်ပိတ်ပြီး၊ ဆိုဖာပေါ်ထိုင်ချမိသွားတယ်။

နာရီလက်တံဟာ ၂ဂဏန်းသို့ညွှန်ပြနေခဲ့ပြီ။

မာဖလာကို ကောက်ယူပြီး၊ ဖိနပ်ငုံ့ဝတ်ကာ အိမ်ပြင်သို့ထွက်လာလိုက်တယ်။

တိုက်အောက်ထပ်ရှိအကင်တန်းတွေတောင် ဆိုင်မပိတ်သေးဘူးပဲ၊ ဇီရာနံ့သင်းသင်းလေးရနေတယ်။

အနီးနားကပန်းခြံဆီ လျှောက်သွားလိုက်တော့၊ ခုံတန်းပေါ်ထိုင်နေတဲ့ အမျိုးသားတစ်ယောက်။
နှင်းစက်တို့ဟာ ပုခုံးပေါ်တင်ကျန်နေခဲ့ကာ...နှုတ်ခမ်းတင်းတင်းစေ့ရင်း ဖြူရော်ရော်လက်ဖဝါးကို ငုံ့ကြည့်နေခဲ့တယ်။

"ထန်ကော!?"

ယန်ထန့်ပုံစံက စိတ်နဲ့လူနဲ့ကပ်ပုံမပေါ်ဘူး။
ဟယ်ရှင်းချွမ်ကို မော့ကြည့်လာခဲ့ပေမဲ့၊ မည်သည့်စကားမှမဆိုလာပေ။

"ကော...အိမ်ပြန်ကျရအောင်နော်?"

"......"
ယန်ထန်က ခေါင်းညိတ်ပြတယ်။

မတ်တပ်ထရပ်လာတဲ့ယန်ထန်ကို ဟယ်ရှင်းချွမ်ကကူတွဲပေးလိုက်တယ်။

အရက်နံ့မရဘူး...ဆေးလိပ်နံ့တွေပဲ ရနေတယ်။

ဘယ်သူ့ကြောင့်နဲ့၊ ဒီလိုပုံပျက်ဆင်းပျက်တွေဖြစ်နေရတာလဲ?

ဘယ်သူပဲဖြစ်ဖြစ် အရမ်းစိတ်ဆိုးတယ်!
ထန်ကောရဲ့စိတ်အားထက်သန်မှုကြီးက သူ့တစ်ယောက်တည်းအတွက်ပဲ ဖြစ်သင့်တယ်လေ!

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now