|85|

1.8K 301 7
                                    

[Unicode]

ကုမ္ပဏီလို့ဆိုသော်လည်း၊ တကယ်တမ်းကတော့ အကြီးစားစတူဒီယိုတစ်ခုပင်။

အလုပ်လုပ်ရဖို့ နေရာတစ်ခုငှါးလိုက်ခြင်းသာ။

မြေညီထပ်ရှိကော်ဖီဆိုင်လေးဆီမှ၊ ကွတ်ကီးတွေနဲ့ ကော်ဖီတွေကိုဝယ်ယူလိုက်တယ်။
ထို့နောက်၊ ရုံးခန်းရှိရာအပေါ်ထပ်ဆီသို့ တက်လာခဲ့တယ်။

၂၆ထပ်မြောက်။
အပြင်ဘက်ကော်ရစ်ဒါရှိ ပုံနှိပ်စက်နားမှာရပ်နေတဲ့ ခပ်လှလှအမျိုးသမီးများ။

ရုံးခန်းရဲ့ဖန်သားပြင်ပေါ်မှာတော့ 'အိုက်ထန်'ဆိုတဲ့စကားလုံးကို ရိုက်နှိပ်လို့ထားတယ်။

မုန့်ထုပ်တွေအပြည့်နဲ့ဟယ်ရှင်းချွမ်ဟာ ယန်ထန့်ကိုဖုန်းမခေါ်နိုင်သေးဘူး။
ရုံးခန်းထဲကထွက်လာမဲ့သူကို စောင့်ဆိုင်းနေရင်း၊ တံခါးပွင့်ချိန်မှာ လှစ်ခနဲဝင်သွားလိုက်တယ်။

အောက်တိုဘာလရဲ့ အစောပိုင်းကာလဖြစ်ပေမဲ့၊ ရုံးခန်းထဲမှာက လေအေးပေးစက်ဖွင့်ထားတယ်။
အခန်းထောင့်နားမှာတော့ စိုထိုင်းမှုထိန်းသိမ်းစက်ရှိနေတယ်။

"အာ...အစ်မ...ကျွန်တော်က..."

"ငါတို့မှာထားတာက Milk Teaလေ! ဘာလို့ကော်ဖီလဲ!?"
ဒေါက်မြင့်ဖိနပ်စီးထားတဲ့အမျိုးသမီးက ဟယ်ရှင်းချွမ်ကို မျက်မှောင်ကြုတ်ကာမေးခွန်းထုတ်တယ်။

ဟယ်ရှင်းချွမ်ကတော့ ဘာပြန်ပြောရမလဲတောင် မသိတော့ဘူး။
သူ့လက်ထဲကကော်ဖီကိုသာ ကြောင်တောင်တောင်လေး ပြန်ငုံ့ကြည့်မိတယ်။

ထိုအမျိုးသမီးကတော့ ဆက်ပြောနေတုန်းပင်
"ရှင်တို့ဆိုင်က ဘယ်လိုမျိုးအလုပ်လုပ်နေတာလဲ? ကျွန်မသေချာမှာလိုက်တယ်လေ၊ ကော်ဖီမဟုတ်ဘူး! Milk Teaပါဆို! ဘာလို့ကော်ဖီပါလာရတာလဲ!?"

ဟယ်ရှင်းချွမ်ဟာ သူ့မျက်နှာလေးသူပြန်ကိုင်မိတယ်။
သူ့ပုံစံက ပစ္စည်းလာပို့တဲ့ရုပ်ပေါက်နေတာလား???

ကျယ်လောင်တဲ့ဆူညံသံကြောင့်၊ ရုံးခန်းထဲရှိလူအကုန်လုံးဟာ သူတို့ဆီအကြည့်ရောက်လာကျတယ်။
အားလုံးရဲ့ဝိုင်းကြည့်ခြင်းကို ခံရသူလေးဟယ်ရှင်းချွမ်ဟာဖြင့်၊ ရှက်ရှက်နဲ့မျက်လုံးပွတ်နေမိပြီ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now