|76|

1.8K 341 4
                                    

[Unicode]

ဆေးရုံခန်းထဲမှ ယန်ထန်ပြန်ထွက်လာခဲ့တယ်၊ အဘွားကို အပြုံးဖြင့်နှုတ်ဆက်ရင်း။
တံခါးပြန်ပိတ်ပြီးတာနဲ့ တပြိုင်နက်၊ ထိုအပြုံးတွေဟာ ပျောက်ကွယ်သွားခဲ့တယ်။

အင်္ကျီအိတ်ကပ်ထဲ လက်စမ်းကြည့်တော့...ချိုချဉ်လေးတစ်လုံး။

အရောင်တောက်တောက် ပလတ်စတစ်အုပ်ထားတဲ့ သစ်သီးချိုချဉ်လေး။

ချိုချဉ်ကို ဘေးရှိအမှိုက်ပုံးထဲသို့သာ ပစ်ထည့်မိလိုက်တယ်၊ ယန်ထန်ဟာ အောက်ထပ်ဆင်းသွားပြီး ဆေးလိပ်တစ်ဗူးကိုဝယ်ယူခဲ့တယ်။

ဆေးရုံဝန်ထမ်းတစ်ယောက်က လူနာကိုဝှီးချဲပေါ်တင်ရင်း၊ ရေကန်ဘေးလမ်းလျှောက်ပေးနေတဲ့ မြင်ကွင်း။ ဒီရာသီဥတုက အေးစိမ့်နေတုန်းပဲ...
ဝှီးချဲပေါ်ရှိလူနာက ပြုံးရယ်နေခဲ့တယ်၊ သစ်ပင်ပေါ်ညိတွယ်နေတဲ့ စွန်ငယ်တစ်ခုကို လက်ညှိုးထိုးပြရင်းပေါ့။

ပတ်ဝန်းကျင်ဟာ သက်ဝင်လှုပ်ရှားနေခဲ့ပေမဲ့၊ ယန်ထန်ခံစားနေရတာက တိတ်ဆိတ်ငြိမ်သက်မှုကြီး။

နားထဲကို လေတွေတိုးဝင်နေခဲ့တာလား?

ခန္ဓာကိုယ်တစ်ခုလုံးကို ဖောက်ထွက်သွားတော့မတတ်...

ယန်ထန်က အဘွားလက်ထဲမှာကြီးပြင်းလာခဲ့တာ။
သူ့အမေနဲ့အဖေက ပိုက်ဆံရှာဖို့အတွက် အပြင်မှာ အလုပ်ထွက်လုပ်တယ်၊ နောက်တော့ သူ့အဖေက တက္ကသိုလ်ဆက်တက်ချင်တယ်လို့ ပြောလာခဲ့တယ်။
ထို့ကြောင့်ပဲ၊ သူ့အမေက အလုပ်ပိုလုပ်ပြီး သူ့အဖေကိုထောက်ပံ့ပေးခဲ့ရတယ်။

တစ်ယောက်တည်းရဲ့လုပ်အားခနဲ့ အရာရာကိုမကာမိခဲ့ဘူး၊ ပြန်ပို့ပေးနေကျပိုက်ဆံဟာ နည်းသထက်နည်းလာခဲ့တယ်။
အဘွားသာ ပြောင်ဖူးချိုးပြီးရှာမကျွေးခဲ့ရင်၊ ယန်ထန်တောင် ဒီအရွယ်အထိရောက်လာနိုင်ပါ့မလား?

ယန်ထန် သူ့အဖေနဲ့ပြန်တွေ့ချိန်၊ အတူပါလာတဲ့သတင်းကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သေဆုံးသွားပြီဖြစ်တဲ့သူ့အမေ။

သူ့အဖေနဲ့အတူ မြို့ကြီးပေါ်ရောက်လာခဲ့တယ်၊ ပြီးတော့ ဖက်တီးတို့ ချူးဖန်တို့နဲ့တွေ့ဆုံခဲ့တယ်။
လမ်းကြိုလမ်းကြားတွေမှာ ကျင်လည်ကျက်စားရင်း...

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now