|81|

1.8K 345 38
                                    

[Unicode]

သံလွင်မွှေးကိတ်လုပ်စားမယ်လို့ ပြောခဲ့ပေမဲ့၊ လုပ်နည်းကို ဟယ်ရှင်းချွမ်မသိပါဘူး။

ဝှီးချဲပေါ်ထိုင်နေတဲ့အဘွားက 'လုပ်နည်း'ကို ညွှန်ပြနေတယ်၊ လက်ထဲမှာလည်း ရေနွေးခွက်လေးဖြင့်။

"ဂျုံမှုန့်နဲ့သကြားကို ရောသမသွားအောင်မွှေလိုက်။ အတန်းဖော်လေး၊ ပန်းပွင့်တွေကို ရေစိမ်ထားတယ်မလား?"

"စိမ်ထားတယ် အဘွား။ အခြောက်ပါခံထားတယ်"

"ဒါဆို ဒီဂျုံပန်းကန်ထဲကို ထည့်ပြီး၊ ရေနဲ့ရောမွှေလိုက်။ ရေနွေးပဲထည့်ရမှာနော်"

အရွယ်ရောက်ပြီးသား ယောက်ျားနှစ်ယောက်ဟာ၊ မီးဖိုခန်းကျဉ်းကျဉ်းလေးထဲ ဘေးချင်းယှဉ်လျက်။
ဂျုံနယ်ပြီးနောက်မှာ၊ ယန်ထန်က ပျားရည်တစ်ဇွန်းခပ်ထည့်တယ်။ ဟယ်ရှင်းချွမ်ကတော့ မျက်စောင်းထိုးလာသလိုလို
"သွားပိုးစားချင်နေပြီလား?"

"ငါ့သွားတွေက ကောင်းပါတယ်!"
ပြောရင်းနဲ့ပဲ၊ ယန်ထန်က နောက်တစ်ဇွန်းတောင် ထပ်ထည့်လိုက်သေး။

ရန်ဖြစ်နေတဲ့ကောင်လေးနှစ်ယောက်ရဲ့ မြင်ကွင်းဟာ၊ အဘွားကို သဘောတကျပြုံးစေပါတယ်။

မီးဖိုပေါ်က ရေနွေးအိုးငယ်...ရေနွေးတွေဟာ ပွက်ပွက်ဆူနေတုန်းပင်။ အဖြူရောင်ရေနွေးငွေ့ဟာ မျက်နှာကြက်ထက် ပျံ့လွင့်လို့။
ပျင်းရိစရာ အနေအထားလေးတစ်ခုအတိုင်းပဲ။

"ရေနွေးထဲကို စစ်ပြီးထည့်၊ တိုက်ရိုက်မထည့်လိုက်နဲ့။ မပွဘဲနေလိမ့်မယ်"
အဘွားက ဖြေးညင်းစွာဆိုတယ်။

ဟယ်ရှင်းချွမ်က မုန့်တွေကို ရေနွေးအိုးထဲထည့်နေတယ်။

"ထန်ထန်..."

အဘွားခေါ်သံကြားခါမှ၊ ယန်ထန်က ရေနွေးအိုးကို အမြန်အဖုံးအုပ်မိတယ်။

"အဘွားရဲ့အလိုက်သိပြီး လိမ္မာတဲ့မြေးလေး။ အဘွား သားကိုဆူမိခဲ့ ရိုက်မိခဲ့ပေမဲ့၊ အဘွားမမေ့နိုင်မဲ့လူက ငါ့မြေးလေးပါပဲ..."

အဘွားအသံက မကျယ်ပါဘူး။
ဒါပေမဲ့ ယန်ထန်ကြားရတယ်၊ ဂျုံမှုန့်တွေကိုနယ်နေရင်းပဲ ခေါင်းညိတ်ပြမိတယ်။
အဘွားဘက်ကိုတော့ လှည့်မကြည့်ဖြစ်ခဲ့ပေ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now