|61|

2K 334 3
                                    

[Unicode]

သူတို့ကိုစောင့်နေတဲ့ကောင်လေးက အခုမှအလယ်တန်းပြီးထားပုံပေါ်တယ်၊ ကလေးဆန်ဆန်မျက်နှာလေးရယ် နေလောင်ထားတဲ့အသားအရည်ရယ်နဲ့။

"ရေစိမ်ကန်ကဟိုမှာ ရေချိုးချင်ရင်တော့အပြင်ထွက်ချိုးမှရမယ်"

ရှင်းပြပြီးတဲ့နောက်မှာ၊ ကောင်လေးက သော့ကိုသူတို့ဆီကမ်းပေးပြီး အပြင်ပြန်ပြေးထွက်သွားတယ်။

အပေါ်ထပ်နဲ့ အောက်ထပ်ရှိတယ်။
အိပ်ခန်းထဲရှိအိပ်ရာခပ်ကြီးကြီးဟာ ပုတီးစေ့လိုက်ကာနဲ့ ကာရံလို့ထားတယ်။
အပေါ်ထပ်မှာပဲ ရေစိမ်ချိုးကန်ရှိတယ်၊ ဘာအကာအရံမှတော့မရှိဘူး ဒီအတိုင်းကြီးသာ။

ရေစိမ်ချိုးကန်နဲ့ကပ်လျက်ကတော့ ကြမ်းပြင်မှနေ မျက်နှာကြက်အထိ ထိကပ်နေတဲ့မှန်သားပြင်တွေ။
YellowHornအပင်တွေရဲ့သစ်ရွက်ကြွေတွေဟာ ဝရန်တာထက်သို့ ဆင်းသက်လျက်ရှိတယ်။
အဝါရောင်နဲ့ အစိမ်းရောင်တို့ရောယှက်လျက်။

ဟယ်ရှင်းချွမ်က အလွန်သဘောတွေ့နေပုံရတယ်။
အဝတ်ဗီရိုဆီပြေးသွားပြီး သူနဲ့ယန်ထန်ရဲ့အင်္ကျီတွေကို စီတန်းချိတ်ဆွဲနေတယ်။

ရာသီဥတုက သိပ်မပူတာကြောင့်၊ အပြင်ထွက်လည်ပြီး မုန့်စားဖို့ဆုံးဖြတ်လိုက်တယ်။

တည်းခိုအိမ်ငယ်လေးရဲ့အပြင်ဘက်လမ်းမထက်မှာ၊ ရိုးရာဝတ်စုံဝတ်ဆင်ထားတဲ့ မိန်းမငယ်လေးတွေဟာ လက်ဖက်ရွက်တို့ကိုင်ဆောင်ထားပြီး သူတို့အိမ်ဆီပြန်ကျတယ်။
အဝေးကလျှောက်လာတဲ့လူငယ်နှစ်ယောက်ကို မြင်တော့၊ အချင်းချင်းတီးတိုးဆိုစနောက်ရင်း မျက်နှာလေးတွေနီရဲကုန်တယ်။

အကြောင်းအရာတို့ရဲ့ အဓိကခေါင်းဆောင်နှစ်ယောက်ကတော့ သိဟန်မရပါဘူး။
ယန်ထန်က ဟယ်ရှင်းချွမ်ဘေးနားကပ်လျှောက်နေပြီး၊ ဘာစားရမလဲကိုတွေးနေမိတယ်။
လမ်းမဘေးမှာ ပန်းကိတ်မုန့်​ရောင်းနေသူအဘိုးအိုကိုတွေ့တော့၊ ဘယ်နားမှာ စားသောက်ဆိုင်ရှိသလဲကို မေးမြန်းတယ်။

အဘိုးအိုက ဒေသယိစကားနဲ့ပြန်ဖြေတယ်၊ သူတို့နှစ်ယောက်လုံးနားမလည်နိုင်ဘူး။
အဲ့ဒါနဲ့ပဲ ပန်းကိတ်မုန့်နှစ်ခုသာဝယ်ယူလိုက်ရပြီး၊ စားရင်းနဲ့လိုက်ရှာနေမိတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now