|48|

2.1K 421 13
                                    

[Unicode]

ကျင့်ဝတ်ထုံးတမ်းများအရ၊ ဟယ်ရှင်းချွမ်ဟာ သူ့ဝမ်းကွဲအိမ်ဆီ နှစ်သစ်ကူးနှုတ်ခွန်းဆက်ဖို့သွားရမယ်။ ယန်ထန်ကတော့ သဘောမကျပါဘူး။
ဟယ်ရှင်းချွမ်ရဲ့ခါးအထက်ပိုင်းနားက ဆေးလိပ်မီးရာတွေကိုထိတွေ့နေပြီး
"ဘာကိုကန်တော့မှာလဲ? ဒီနေရာကမနာတော့ဘူးလား?"

ဟယ်ရှင်းချွမ်ဆီမှအသံထွက်လာတယ်၊ နာလို့ငြီးတဲ့အသံမျိုးလေး။
သူ့ခါးကိုယန်ထန့်လက်ထဲမှ လွတ်မြောက်စေလိုက်ပြီး၊ မျက်နှာမဲ့မဲ့လေးနဲ့အော်ပြောတယ်
"ဆွဲဆိတ်နေတာကိုး! နာတာပေါ့!"

ယန်ထန့်မျက်လုံးတွေဟာ ချက်ချင်းကျဉ်းမြောင်းလို့သွားတယ်၊ ခပ်မာမာမျက်နှာပေးမျိုးဖြစ်သွားကာ
"မင်းကိုလုံးဝသွားခွင့်မပြုဘူး"

"ကော...ငါသွားမှဖြစ်မှာ။ ဒီကိုစရောက်တုန်းက ငါ့ဝမ်းကွဲကပဲ အိမ်ကူရှာပေးခဲ့တာ..."

"ပြီးတော့ အိမ်ရှင်နှင်ချတာခံလိုက်ရတယ်မလား?"

"......"

နောက်ဆုံးမှာတော့၊ အိမ်အောက်ထပ်မှာ စောင့်ခွင့်ပြုမယ်ဆိုတဲ့ညှိနှိုင်းချက်ကြောင့် နှစ်ယောက်ဟာ သဘောတူညီချက်ရသွားလေရဲ့။

ကိုယ်တိုင်လိုက်ရမယ်ဆိုတော့မှပဲ ယန်ထန်နည်းနည်းစိတ်အေးသွားရတယ်။
ဒါပေမဲ့...ဟယ်ရှင်းလျန်ကပါငြင်းဆိုလာလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။

'သားတို့ညီအစ်ကိုကိုဆူနေခဲ့တဲ့ အကျင့်ပုပ်ပုပ်အဒေါ်ကြီးကိုသဘောမကျဘူး' လို့ပြောတယ်။

ဟယ်ရှင်းချွမ်က နို့မှုန့်တွေ၊ ဟင်းချက်ဆီတွေဝယ်လာခဲ့တယ်။ပြီးတော့ အပေါ်ထပ်တက်သွားတယ်။

အပေါ်ထပ်တက်သွားတဲ့ဖြူလေးကိုငေးရင်း၊ ယန်ထန်ဟာ စီးကရက်တစ်လိပ်ကိုမီးညှိလိုက်တယ်။

ဝရန်တာတွေက အရမ်းကျဉ်းမြောင်းတယ်၊ မီးလည်းမရှိဘူး။ ဒီလိုပတ်ဝန်းကျင်ကြီးက လူတွေကိုမွန်းကျပ်အောင်ပြုလုပ်နိုင်လောက်တယ်။

ဝမ်းကွဲအစ်ကိုရဲ့မိသားစုမှာ သူ့ထက်တစ်နှစ်ငယ်တဲ့ကလေးတစ်ယောက်ရှိသေးတယ်။ ဒါပေမဲ့ အဲ့ကလေးက ပေကပ်ကပ်မျိုးလေး။
နှစ်သစ်ဂါရဝပြုဖို့လာတဲ့ဟယ်ရှင်းချွမ်ကိုမြင်တော့၊ လက်ဆောင်ထုပ်ကိုအရင်ဆွဲယူပြီးမှ သူ့အဖေကိုလှမ်းခေါ်ပေးတယ်။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now