[Unicode]
နွေဦးလေ့လာရေးခရီးတုန်းက ပုံတွေကို ဝမ်ဘင်းဘင်းက အတန်းGroupChatထဲပို့ပေးလာတယ်။
ရေကန်ပုံကိုကြည့်နေရင်း ဟယ်ရှင်းချွမ်က
"အရမ်းလှတာပဲ"ယန်ထန်ကတော့ ဟယ်ရှင်းချွမ်ပေါင်ပေါ်ခေါင်းအုံးထားပြီး၊ ဂိမ်းဆော့နေခဲ့တာ။
"နောက်တစ်ခါကျရင် ပင်လယ်ဘက်ခေါ်သွားပေးမယ်"အခွင့်အရေးက မကြာမီမှာပဲရောက်ရှိလာခဲ့တယ်။
ဝမ်ဘင်းဘင်းရဲ့ဝမ်းကွဲတစ်ယောက်က ပင်လယ်ဘက်မှာ၊ ရေလွှာလျှောစီးဘုတ်ပြားအရောင်းဆိုင်ဖွင့်ထားတာ။
နွေရာသီအားလပ်ရက်မှာ ခရီးထွက််မှာဖြစ်တာကြောင့်၊ ကြည့်ပေးမဲ့သူမရှိတဲ့ဆိုင်အတွက် ဝမ်ဘင်းဘင်းကိုအကူအညီတောင်းလာတယ်။ပျော်စရာခရီးတစ်ခုဖြစ်လောက်မယ်၊ အားလုံးအတူသွားရရင်ပိုကောင်းမှာပေါ့!
"...ဒီလိုဆိုဘယ်လိုလဲ? ထန်ကောနဲ့ အတန်းခေါင်းဆောင်ကိုပါ ခေါ်ရအောင်!"
ရှုပမ်းက အကြံပေးတယ်။"နွေရာသီအတွက် ငါ့မှာအချိန်ပိုင်းအလုပ်ရှိသေးတယ်"
ယန်ထန်က ခဏတွေးတောလိုက်ပြီးမှ
"တစ်ပတ်ခွင့်ယူလိုက် တစ်ပတ်ပဲကစားရအောင်၊ ပြီးရင်ပြန်လာမယ်လေ"တုံ့ဆိုင်းနေသေးတဲ့ဟယ်ရှင်းချွမ်ကြောင့် ယန်ထန်ကထပ်ဖြည့်ပြောလာတယ်။
"ရှင်းလျန်လည်း နွေရာသီစခန်းချသွားမှာလေ၊ မင်းပဲနေခဲ့မလို့လား?"ထိုအခါမှပဲ ဟယ်ရှင်းချွမ်ကခေါင်းညိတ်ပြတယ်။
စာမေးပွဲနောက်ဆုံးနေ့မှာ၊ ယန်ထန်နဲ့ဟယ်ရှင်းချွမ်ဟာ ကျောင်းနဲ့နီးတဲ့ ရှော့ပင်းမောလ်တစ်ခုဆီဦးတည်လာခဲ့တယ်။
သိပ်မကြီးပေမဲ့ ပစ္စည်းစုံလင်တယ်။ရေကူးဝတ်စုံဆိုင်ထဲဝင်လိုက်ပြီး၊ ဟယ်ရှင်းချွမ်အတွက်ရေကူးဝတ်စုံကို ယန်ထန်ကကူရွေးပေးတယ်။
"ရေကူးတတ်တယ်မလား?"
"ကူးတတ်တယ်၊ သိပ်တော့မကျွမ်းဘူး"
အင်းပေါ့...အဲ့လိုမဟုတ်ရင် ရေကန်ထဲဘယ်ရေနစ်ပါ့မလဲ။
ယန်ထန်က ဒီကိစ္စကိုပြန်ပြောမနေတော့ဘူး။
ပစ္စည်းတွေအများကြီးဝယ်ပြီးချိန်မှာ၊ ဟယ်ရှင်းချွမ်က အပြေးငွေသွားရှင်းတယ်။
YOU ARE READING
Hedgehog And Tiger [Myanmar Translation]
RomanceTitle-刺猬与虎 Original Author-游目 Type-Web Novel 129 Chapters + 9 Extras Available in Both Unicode & Zawgyi I don't own the Story. I translate this from Google translate.So pls forgive me if I have any mistakes!