|49|

2.1K 414 4
                                    

[Unicode]

ကျောင်းပြန်ဖွင့်ချိန်မှာ၊ ကျောင်းလေထုဟာ တင်းကြပ်ကာလသို့ရောက်ရှိနေခဲ့တယ်။
အထက်တန်းကျောင်းရဲ့ ဒုတိယစာသင်နှစ်ဝက်က အလွန်အရေးကြီးသောကြောင့်ပင်။

သို့သော်လည်း...အဆင့်တစ်ကျောင်းသားလေးဟယ်ရှင်းချွမ်ကတော့ လူတစ်ယောက်အပေါ်မှာသာ အရာရာစိတ်နှစ်ထားပုံရတယ်။

ယန်ထန်က သူ့မွေးနေ့ကိုကျင်းပလေ့မရှိဘူး။

တရုတ်နှစ်သစ်ကူးပွဲတော်ကလွဲရင် တစ်ခြားဘာပွဲကိုမှစိတ်မဝင်စားတာ။

ရိုးရာဓလေ့များဆိုတာ ဝေးမှဝေး။

နှစ်ပတ်လည်လည်းဂရုမစိုက်ဘူး၊ မွေးနေ့ ခရစ်စမတ် ဗယ်လင်တိုင်းမ်နေ့...ဟယ်ရှင်းချွမ်မွေးနေ့ကိုတောင်သိပုံမပေါ်ဘူး။

ထန်ကောသိတာ စနေ တနင်္ဂနွေပဲရှိလောက်မယ်!

"ရှင်းချွမ်! ပထမနေရာမရရင် ဝင်ခွင့်ရဖို့ခက်ခဲလောက်ပေမဲ့၊ ဒီအမှတ်လောက်လည်းမဆိုးပါဘူး။ လေ့ကျင့်ဖို့စာအုပ်တွေစုထားပေးတယ်၊ ရော့ ယူသွားလိုက်!"

ဆရာတုန်ကမ်းပေးတဲ့စာအုပ်တွေကို လွယ်အိတ်ထဲထည့်လိုက်ပြီး
"ကျေးဇူးတင်ပါတယ် ဆရာ"

ဆရာတုန်က ပြုံးပြတယ်
"လေ့ကျင့်ခန်းစာအုပ်တွေ အစုံလိုက်စုထားပေးတယ်၊ ထပ်လိုချင်ရင် သားကော်ပီယူသွားလိုက်နော်"

"ဟုတ်ကဲ့၊ ဒါဆို ကျွန်တော်အရင်ပြန်လိုက်ပါဦးမယ် ဆရာ"

လေ့ကျင့်ဖို့စာအုပ်တွေ ဘာတွေညာတွေ၊ ဟယ်ရှင်းချွမ်ခေါင်းထဲမရောက်လိုက်ပါဘူး။

အကုန်လုံးသာကူးရရင် စျေးကြီးမှာပဲ...
ဒီလအတွက်လခက ထန်ကောအတွက်လက်ဆောင်ဝယ်ပေးမလို့ပါဆို!!!

"ဟယ်လို၊ ဟယ်ရှင်းလျန်ရဲ့အစ်ကိုဖြစ်သူပါလား?"

အမေးစကားကြောင့်၊ ယန်ထန်ဟာ ဟယ်ရှင်းချွမ်ရဲ့စာသင်ခန်းဖက်ကိုတောင် လှမ်းကြည့်မိသွားတယ်။

"ဟုတ်ပါတယ်၊ ဘယ်သူပါလဲ?"

"ဟယ်ရှင်းလျန်ရဲ့အတန်းပိုင်ပါ၊ အချိန်ရရင် ကျောင်းကိုလာပေးလို့ရမလားမသိဘူး?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now