|73|

1.9K 351 45
                                    

[Unicode]

ယန်ထန်က ဆေးလိပ်ကိုမီးညှိတယ်၊ ဘေးရှိဟယ်ရှင်းချွမ်ကတော့ သူ့မျက်နှာနားတိုးကပ်လာကာ အနမ်းလိုက်ခြွေတယ်။

မီးခိုးငွေ့တွေကြားမှအနမ်းဟာ သိပ်ပြီးအရသာရှိတလှတယ်တော့မဟုတ်ဘူး။

ဆေးလိပ်အရသာခါးခါးကြီး။
ယန်ထန့်နှုတ်ခမ်းတွေကို လျှာလေးနဲ့တို့ထိရင်း
"ထန်ကော၊ အေးနေသေးလား?"

ဆေးလိပ်မီးက ဟယ်ရှင်းချွမ်ကိုတောင်ထိမိတော့မလိုပဲ၊ ယန်ထန်က မျက်ထောင့်နီနဲ့ကြည့်လာတယ်။
ဆေးလိပ်မီးကို ငြိမ်းလိုက်ပြီး၊ ရှပ်အင်္ကျီတစ်ထည်ကိုကောက်စွပ်တယ်။
ထို့နောက်မှာတော့၊ ရေချိုးခန်းထဲဝင်သွားလေရဲ့။

အိပ်ရာပေါ်လှဲကျန်ခဲ့သူဟယ်ရှင်းချွမ်ဟာ လောကီရေးရာ လောကရေးရာတွေအပေါ်တွေးတောရင်း။

အိပ်ပျော်သွားသည့်တိုင်၊ ထန်ကောမျက်လုံးထဲမှအကြည့်ဟာ ကျေနပ်တာလား မအီမသာဖြစ်တာလားကို မခွဲခြားနိုင်ခဲ့ပေ။

...

ဖုန်းမြည်သံက ယန်ထန့်ကိုနိုးသွားစေတယ်၊ အိပ်ချင်မူးတူးနဲ့ပဲ ဖုန်းဖြေဆိုလိုက်တယ်။
ဖုန်းတစ်ဖက်ခြမ်းမှာ၊ အင်္ဂလိပ်ဘာသာစကားနဲ့အော်ပြောနေတဲ့ အမျိုးသမီးတစ်ယောက်။

ယန်ထန်ကလည်း အင်္ဂလိပ်လိုပြန်မေးတယ်
"ဘာဖြစ်လို့လဲ?"

ယန်ထန့်အသံဟာ အက်ကွဲနေသယောင်ယောင်။

"ငါက ပိုက်ဆံထုတ်ပေးဖို့တာဝန်ယူထားပြီး၊ လုပ်ငန်းကိစ္စအတွက်က နင်တာဝန်ယူထားတာမဟုတ်ဘူးလား!? အခု ငါပဲအလုပ်ရှုပ်နေရတာကြီးက ဘယ်လိုမှမသင့်တော်ဘူးလေ!?"

"ထန်၊ ငါကအရေးကြီးတာလား? နင့်ပိုက်ဆံက ပိုအရေးကြီးတာလား? ပြန်မဖြေခင် သေချာစဉ်းစားနော်!"

"ငါ့ပိုက်ဆံ"

"အား! ငါပြန်တော့မယ်! အခုချက်ချင်း လေယာဉ်လက်မှတ်သွားဖြတ်တော့မယ်!"

အပြုံးတစ်ချို့ကိုခိုတွဲလျက်၊ ယန်ထန်က အိပ်ရာပေါ်မှထရပ်လာကာ
"ဟုတ်ပါပြီ၊ ညှိနှိုင်းမဲ့အချိန်က ဘယ်တော့လဲ?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now