|37|

2.2K 428 1
                                    

[Unicode]

နွေးထွေးမှု။

ဘာကြီး???

ရေးဖူးသမျှ၊ ပြိုင်ဖူးသမျှတွေက ကျိုးကြောင်းပြစာစီစာကုံးတွေကြီးပဲ။
ဘောပင်ကိုကောက်ကိုင်ကာ ခေါင်းစဉ်ချရေးလိုက်တယ်...ပြီးတော့ ဘာဆက်ရေးရမှာလဲ?

ဘယ်လိုနွေးထွေးမှုအကြောင်းလဲ?

အတွေးထဲမှာ မြင်ဖူးခဲ့တဲ့နွေးထွေးမှုဥပမာတွေ ထွက်ပေါ်လာတယ်။
ကျူးဇီချင်က သူ့အဖေဆီကနွေးထွေးမှုကိုရခဲ့တယ်၊ ဒါပေမဲ့ လီချင်းကျောက်ကျတော့လည်း မက်မွန်ပင်ငယ်ရဲ့နွေးထွေးမှုကိုရခဲ့တာ။

ဟယ်ရှင်းချွမ်အတွေးတွေဟာ ပျံ့လွင့်နေဆဲပင်။
အဆုံးသတ်မှာတော့ မြင်ကွင်းတစ်ခုပဲကျန်ခဲ့တယ်။

လူငယ်ဟာ သူ့အဝတ်တွေကိုချွတ်ပြီး၊ ခိုက်ခိုက်တုန်နေတဲ့ဟယ်ရှင်းချွမ်ကို လွှမ်းခြုံပေးလာတယ်။

ရေကန်ရဲ့မျက်နှာပြင်ဟာ ကြည်လင်လွန်းနေခဲ့တာ။

ရေနစ်မလိုဖြစ်တုန်းက၊ ဟယ်ရှင်းချွမ်မှာ အတွေးတစ်ခုပဲရှိနေခဲ့တယ်။
အသက်ရှင်နိုင်ခဲ့မယ်ဆိုရင်...အရင်လို ဆက်မနေချင်တော့ဘူး။

ဘယ်သူနဲ့မှအဆက်အဆံမရှိဘဲ...ဘယ်လိုပတ်သတ်မှုမျိုးကိုမှ လက်မခံဘဲ...

တစ်ခုခုချန်ထားနိုင်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ။

သူ့ကိုမှတ်မိနေစေမဲ့ တစ်ခုခုပေါ့။

တစ်ခုခု။

"ဟယ်ရှင်းချွမ်! အိပ်မပျော်သွားနဲ့! လူနာတင်ယာဉ်ရောက်လာတော့မှာ!"

တည်ငြိမ်လေ့ရှိတဲ့လူငယ်ဟာ ယခုတစ်ကြိမ်မှာတော့ အသံတွေတုန်ယင်နေခဲ့တယ်။

ချည်ဆွယ်တာလေးက နွေးထွေးနေခဲ့တာ၊ ကိုယ်သင်းနံ့လေးကိုပါ မှတ်မိသေးတယ်။
နွေးထွေးမှုဆိုတာ အဲ့လိုမျိုးလား?

"ဟေး! မင်းဘာရေးခဲ့လဲ?"

"မေးခွန်းက ဘယ်လိုကြီးလဲမသိဘူး! ငါတော့ လိုရင်းလွဲသွားပြီထင်တယ်!"

ကျောင်းသားတွေဟာ ဆူညံစွာဆွေးနွေးနေကျတယ်။
ထိုဆူညံသံတွေကြောင့် ဟယ်ရှင်းချွမ်တောင် ခေါင်းကိုက်ချင်နေပြီ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now