"သားမာမီရော? ဘယ်ရောက်သွားတာလဲ?"

"ရုပ်ရှင်သွားကြည့်တယ်၊ သားကိုက အန်ကယ်ရှင်းချွမ်တို့အိမ်မှာ ညစာစားလိုက်တဲ့"

ယန်ထန်က ယုတုန်ခေါင်းကိုပွတ်သပ်ပေးနေရင်း၊ ကော်ဖီစားပွဲကို လက်ညှိုးထိုးပြကာ
"အိမ်စာတွေ အရင်လုပ်လိုက်ဦး၊ ပြီးမှ အိမ်ပြန်ကျတာပေါ့။ ဗိုက်ဆာရင် ဘီစကွတ်တွေရှိတယ်၊ ယူစား"

ဘယ်ရီနီဘီစကွတ်မုန့်ဗူးလေးကို ကော်ဖီစားပွဲပေါ်တင်ပေးလိုက်တယ်။
ယုတုန်က ချက်ချင်းနှိုက်စားလေရဲ့...အိမ်စာလေးလုပ်လိုက် မုန့်လေးစားလိုက်နဲ့။

ညဘက်ရောက်ချိန်အထိ၊ အန်ဂျလာဟာ မဆက်သွယ်လာခဲ့ဘူး။
ဟယ်ရှင်းချွမ်က ယုတုန်ကို ညအိပ်သိပ်ပေးဖို့ပြင်ဆင်နေတယ်။

ရေချိုးပြီးတဲ့ယုတုန်ဟာ ထိုင်ခုံပေါ်ထိုင်ကာ၊ ခြေထောက်လေးတွေကို ရှေ့နောက်လှုပ်ကစားနေပါတယ်။ သူ့အတွက် အိပ်ရာပြင်ဆင်ပေးနေတဲ့၊ ဟယ်ရှင်းချွမ်ကိုလည်း ငေးကြည့်ရင်းပေါ့။

"အန်ကယ်ရှင်းချွမ်၊ မာမီက ချစ်သူရနေပြီထင်တယ်"

ယုတုန်စကားက ဟယ်ရှင်းချွမ်ကို လည်ချောင်းနင်စေလုမတတ်ပင်။
"အာ?"

တရုတ်ပြည်မှာ ကျောင်းတက်ရကတည်းက...ပတ်ဝန်းကျင်နဲ့ပိုမိုထိတွေ့လာရတဲ့ ယုတုန်ဟာ၊ ယန်ထန်အသေးစားလေးနဲ့တောင် ဆင်တူနေသေးတယ်။

ဇဝေဇဝါရုပ်လေးနဲ့ ဟယ်ရှင်းချွမ်ကိုမြင်တော့၊ မျက်တောင်လေးတွေ တဖြတ်ဖြတ်ခတ်ပြကာ
"အခုတလော၊ မာမီက အမြဲယောက်ျားလေးတစ်ယောက်နဲ့ဖုန်းပြောနေတာ။ ဒယ်ဒီအသစ်လိုချင်လားလည်း မေးနေသေးတယ်"

ဒီလိုကြီးမေးတာ ဆိုလိုချက်ကအသိသာကြီးပဲဟာ!

ခပ်ရှက်ရှက်ဖြစ်နေရတဲ့ဟယ်ရှင်းချွမ်ဟာ အပူပေးစက်ကို ခလုတ်လှမ်းဖွင့်လိုက်တယ်။
ထို့နောက်မှာတော့၊ ခြေထောက်တွေအေးစပြုနေတဲ့ယုတုန်ကို အိပ်ရာပေါ်ချီတင်ပေးတယ်။

ခြေထောက်လေးတွေကို လက်ဖဝါးနဲ့အုပ်မိုးပေးထားရင်း၊ ဟယ်ရှင်းချွမ်က မေးခွန်းတစ်ခုမေးတယ်။
"သားကကော လိုချင်လား?"

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now