Extra♥️(Unicode)

6.4K 300 46
                                    

Unicode

Companyစာရင်းတွေလုပ်နေတဲ့ချစ်ရသူရဲ့ကျောပြင်လေးကိုမာန်ငေးကြည့်နေတယ်။မောင်ကအခုလိုကြတော့တကယ့်လူကြီးကျနေတာဘဲ။ဒါပေမဲ့အရမ်းချစ်ဖို့ကောင်တယ်။

"မောင်..."
မာန် အဏ္ဏဝါရဲ့နောက်ကျောလေးကိုမျက်နှာလေးနဲ့အပ်လိုက်တယ်။

"ဗျာ..."

"မပြီးသေးဘူးလားဟင်"

"အင်း...နဲနဲကျန်သေးလို့လွန်းငယ်ရဲ့"

"ငယ်တစ်ယောက်ထဲပျင်းနေပြီ"

"လွန်းငယ်ပျင်းနေရင်မောင်အလုပ်မလုပ်တော့ဘူးနော်"

"ဟင်...ကျန်သေးတယ်ဆို"

"အလုပ်ကလွန်းငယ်လောက်မှအရေးမကြီးတာ"
အဏ္ဏဝါခုံပေါ်ကထပြီးမာန်ခန္ဓာကိုယ်လေးကိုပွေ့ချီလိုက်တယ်။

"မောင်ဘာလုပ်မလို့လဲ"

"လွန်းငယ်ဘဲပျင်းနေတယ်ဆို..."
အဏ္ဏဝါသူ့နှာဖျားလေးနဲ့မာန့်ပါးကိုတို့ပြီးကြည်စယ်နေသည်။

"မောင်နော်..."

"လာပါ"
အဏ္ဏဝါ မာန်ကိုယ်လေးကိုပွေ့ချီကာကုတင်ပေါ်ညင်သာစွာချလိုက်တယ်။ပြီးတော့နှစ်ယောက်သားမျက်နှာချင်းဆိုင်လေးလှဲနေသည်။

"မောင်..."
အဏ္ဏဝါရဲ့ရင်ဘက်လေးကိုလက်ကလေးနဲ့ဖွဖွလေးတို့ထိကာစကားဆိုနေတဲ့ကောင်လေး။

"ဗျာ..."

"ငယ်တို့ကလေးယူကြမလားဟင်"

"ဟင့်အင်း"
စဉ်းစားတွေဝေခြင်းမရှိဘဲငြင်းဆန်လာတဲ့ကောင်လေး။

"ဘာလို့လဲ..."

"မောင်မလိုချင်ဘူး"

"ငယ်မွေးပေးမယ်လေ...မောင်နဲ့တူနဲ့ကလေးလေးတွေငယ်မွေးပေးချင်လို့ပါ"

"ဟင့်အင်း...လွန်းငယ်နာကျင်မဲ့အလုပ်မျိုးမောင်ခွင့်မပြုဘူး"

"အဲ့တာဆ်ိုလဲအငှားကိုယ်ဝန်ဆောင်ပြီးယူကြမယ်လေဘလိုလဲ"

"မယူဘူး..."

"မောင်ဘာဖြစ်လို့မယူချင်ရတာလဲ"
ဘလိုပြောပြောငြင်းဆန်နေတဲ့ကောင်လေးကိုမာန်နားမလည်တော့ပါ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now