Part_34♥️

4.9K 363 45
                                    

Unicode

ခခအိမ်ပြန်ရောက်ထဲကအခန်းအပြင်ထွက်မလာလို့လွန်းသားဖြူသူ့သမီးကိုစိတ်ပူနေတာပေါ့။

"ခခလေးဘာဖြစ်နေတာလဲမသိဘူးညစာလဲဆင်းမစားဘူး"

"မာန်သွားကြည့်လိုက်မယ်ပါးပါး"

"အင်းအင်း"
မာန်အိမ်ပေါ်ကိုတက်လာပြီးခခရဲ့အခန်းကို၀င်ဖ်ို့လုပ်လိုက်တော့အခန်းတံခါးကပွင့်နေတယ်။

"ခခရေမာန်၀င်လာပြီနော်"
ပြန်ထူးသံမကြားတာနဲ့မာန်လဲအခန်းထဲက်ို၀င်လာခဲ့လိုက်တယ်။အခန်းထဲရောက်တော့ကုတင်ပေါ်မှာလဲမရှိ။ခခဘယ်တွေရောက်နေတာလဲ။

"ခခရေ!!!"
ရေချိုးခန်းထဲကရေစီးကျသံလေးကြားတော့မာန်​ရေချိုးခန်းထဲကို၀င်သွားတဲ့အချိန်တွေ့ရတဲ့မြင်ကွင်းကြောင့်မာန်မျက်လုံးတွေပြာတက်သွားတယ်။ရေအပြည့်bathtubထဲမှာတစ်ကိုယ်လုံးနစ်မြုပ်နေသည့်အပြင်ခေါင်းပါမပေါ်တဲ့ခခ။မာန်အလန့်တကြားbathtubထဲကခခကိုဆွဲထုတ်လိုက်တယ်။

"ခခ!!!"

"အဟွတ်...ဟွတ်...!"
ရေတွေမွန်းနေတဲ့ကောင်မလေးကိုမာန်ကျစ်နေအောင်ဖက်ထားလိုက်တယ်။

"ခခရယ်ဘလိုဖြစ်ရတာလဲ!"
သူ့ညီမလေးကိုရင်ခွင်ထဲထွေးပွေ့ကာစိတ်မကောင်းဖြစ်နေတဲ့သူလေး။

"အဟင့်...ဟင့်...ခခအသက်ဆက်မရှင်ချင်တော့ဘူးမာန်ရယ်"
ငိုနေတယ်ကျွန်တော့်ရဲ့ကြမ်းတမ်းပြီးအသဲမာလှပါတယ်ဆိုတဲ့ကျွန်တော့်ညီမလေးအခုငိုနေတယ်။

"ခခဘာဖြစ်တာလဲဆိုတာမာန်ကိုပြောပြ!"

"သူ...သူလက်ထပ်တော့မယ်တဲ့...ဟင့်"

"ခခဘာလို့က်ိုယ့်အတွက်မဟုတ်တဲ့လူတစ်ယောက်ကိုကပ်တွယ်ချင်နေရတာလဲ"

"ချစ်လို့...ခခသူ့ကိုသိပ်ချစ်တာမာန်ရဲ့"
ရင်ခွင်ထဲကသူ့ညီမလေးရဲ့စကားကြောင့်မာန်ငြိမ်သက်မိသွားသည်။အချစ်ဆိုတဲ့အရာကြီးကသိပ်ကြောက်ဖို့ကောင်းတာဘဲ။

"ခခင်ိုမနေနဲ့တော့ သူကဘယ်တော့လက်ထပ်မှာလဲ"

"နောက်လထဲမှာ"

"ခခဘာမှစိတ်မပူနဲ့"

"မာန်ကဘာလုပ်မလို့လဲ"
မာန်အကြံရသွားပြီးညစ်ကျယ်ကျယ်အပြုံးပြုံးလိုက်တယ်။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Dove le storie prendono vita. Scoprilo ora