Part_27♥️

4.7K 348 20
                                    

Unicode

ခခ နှင်းမျက်ခြယ်ဆီကဖုန်းလာတော့၀ရံတာလေးကိုအပြေးအလွှားထွက်သွားလိုက်တယ်။သူငယ်ချင်းဖြစ်လာတဲ့သက်တမ်းတလျှောက်လုံးနှင်းဆီကပထမဆုံးဖုန်းဆက်တာလေ။ခခချောင်းတစ်ချက်ဟန့်လိုက်ပြီးဖုန်းကိုကိုင်လိုက်တယ်။

"Helloနှင်း"

"ခခ..."
ဖုန်းထဲကအေးမြတဲ့အသံလေးကခခရင်ထဲလှုပ်ခတ်သွားတယ်။

"နှင်းကိုယ့်ဆီဘာလို့ဖုန်းဆက်တာလဲ"

"နှင်းပြောစရာရှိလို့"

"ဘာပြောမလို့လဲ"

"နှင်း ခခဆီကအလုပ်ထွက်တော့မလ်ို့"

"ဘလို!"

"နှင်းနောက်ရက်ကျမှအလုပ်မှာထွက်စာလာတင်ပါ့မယ်နော်အခုကခခကိုကြိုပြီးသတိပေးထားတာပါ"

"နှင်းကဘာလို့အလုပ်ထွက်ရတာလဲကိုယ့်ကိုခိုင်လုံတဲ့အဖြေတစ်ခုပေးနှင်းအဖြေမပေးနိုင်ရင်အလုပ်ထွက်ခွင့်မပေးနိုင်ဘူး"

"အဲ့တာက...နှင်းမနက်ဖြန်Companyကိုထွက်စာလာတင်ရင်းနဲ့ရှင်းပြပါ့မယ်နော်အခုတော့နှင်းအလုပ်ထွက်မယ်ဆိုတာခခကိုအရင်သတိပေးချင်လို့ပါ"

"နှင်း..."

"ဒါဘဲနော်ခခ!"

"နှင်းနေအုန်း...!"
စကားမဆုံးသေးဘဲဖုန်းချသွားတဲ့ကောင်မလေးကြောင့်ခခစ်ိတ်တိုသွားတယ်။နှင်းကဘာလို့အလုပ်ထွက်ချင်ရတာလဲတကယ်လို့နှင်းအလုပ်ထွက်သွားရင်ငါနှင်းနဲ့အမြဲတွေ့ ရတော့မှာမဟုတ်ဘူး။ခခလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီးဘောင်းဘီအိတ်ကပ်ထဲကစီးကရက်ကိုထုတ်ကာမီးညှိ့လိုက်တယ်။T_shirtအနက်ရောင်အကျီအပွကြီးကိုအောက်ကဂျင်းဘောင်းဘီအပြာနဲ့တွဲဖက်၀တ်ဆင်ကာအနက်ရောင်ဆံပင်ရှည်တ၀က်ကိုချပြီးကျန်တ၀က်ကိုအပေါ်မှာမြင့်မြင့်စီးထားတယ်။လက်ထဲကစီးကရက်ကိုတစ်ဖွာချင်းဖွာနေတဲ့ကောင်မလေး။ခခစီးကရက်ကြိုက်တာသူ့အဖေမုန်းမာန်ခနဲ့တူတာ။စီးကရက်သောက်နေတဲ့အချိန်ကခခရဲ့နဂိုရှိတဲ့အလှတွေအကုန်လုံးကိုပေါ်လွင်စေတာပေါ့။စီးကရက်သောက်ရင်ခခကစိတ်တွေအကုန်လွှတ်ထားလို့လေ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now