Part_28🔞🔥

6.2K 370 27
                                    

Unicode

ည၉နာရီကျော်လောက်ကြတော့မာန်တို့မောင်နှမနှစ်ယောက်သူ့တို့အဖေနှစ်ယောက်အ်ိပ်တာနဲ့အိမ်ကနေလစ်ထွက်လာခဲ့တယ်။မောင်နှမနှစ်ယောက်ကအခုလိုအချိန်ကြရင်တော့အတိုင်အဖောက်ညီနေတာဘဲ။ခခကကားမောင်းပြီးမာန်ကိုသူ့တိုက်ခန်းကိုလိုက်ပို့တယ်။တိုက်ခန်းရောက်တော့...ခခကိုတိုက်ခန်းအောက်မှာစောင့်ခိုင်းမှဖြစ်မယ်မောင်နဲ့တွေ့ရင်ပြဿနာအကြီးအကျယ်တက်လိမ့်မယ်။

"ခခ..."

"အင်းပြောလေမာန်"

"ခခတိုက်ခန်းအောက်မှာခနစောင့်နေလို့ရလားမာန်လိုအပ်တာတွေယူပြီးပြန်ဆင်းလာခဲ့မယ်လေ"

"အင်းမာန်သဘောအဲ့တာဆိုခခကားထဲကနေစောင့်နေမယ်နော်"

"အင်း"
မာန်တိုက်ခန်းပေါ်ကိုဖြည်းညည်းစွာတက်လာခဲ့တယ်။သူ့အခန်းရှေ့ရောက်တော့မျက်လုံးလေးကသူ့အလိုလိုအဏ္ဏဝါရဲ့အခန်းဆီရောက်သွားတယ်။မောင်ဘယ်တွေသွားနေတာပါလိမ့်ထားလိုက်ပါငါနဲ့သူကအခုဆိုင်မှမဆိုင်ကြတော့တာ။မာန်သူ့အခန်းတံခါးလေးကိိုဖွင့်ပြီးလိုအပ်တဲ့ပစ္စည်းတွေကိုယူကာအခန်းထဲကနေပြန်ထွက်ဖို့ပြင်လိုက်တယ်။ငါမောင့်ကိုတွေ့ချင်လိုက်တာ။

အဏ္ဏဝါသူ့အကိုBarကနေအရက်ပုလင်းဆွဲပြီးပြန်လာတယ်။ဒီနေ့လဲမောင့်လွန်းငယ်လေးကပြန်လာပါ့မလား။မောင်ညတိုင်းလွန်းငယ်လေးကိုစောင့်နေမှာပါ။အဏ္ဏဝါအရက်ကိုသောက်နေတုန်းမာန်ရဲ့တံခါးလေးပွင့်သွားတယ်။

"အမလေး!!!"
အခန်းထဲကနေခေါင်းလေးထွက်လာတဲ့ကောင်လေးအဏ္ဏဝါကိုမြင်တော့တံခါးချက်ချင်းပြန်ဆွဲပ်ိတ်လိုက်တယ်။

"လွန်းငယ်...လွန်းငယ်တံခါးဖွင့်ပါအုန်းကွာ...!!!"

"ဒုန်း...! ဒုန်း...!"
မာန်မျက်နှာလေးမြင်လိုက်ရတော့အဏ္ဏဝါတံခါးကိုအတင်းထုရိုက်တော့တာဘဲ။

"လွန်းငယ်မောင့်ကိုထွက်ကြည့်ပါအုန်း!!!"
ဟာသေပါရောလားကွာရှောင်နေပါတယ်ဆိုမှတည့်တည့်တိုးရတယ်လို့။ငါဒီကနေဘလိုထွက်ရမလဲ။ခခကစောင့်ရတာကြာရင်အပေါ်တက်လာလို့မောင်နဲ့တွေ့ရင်ပြဿနာကတက်အုန်းမယ်။မာန်ဖုန်းလေးက်ိုဖွင့်လိုက်ပြီးခခဆီစာလှမ်းပို့လိုက်တယ်။
✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️
ခခ မာန်ဒီနေ့ညဒီမှာဘဲအိပ်လိုက်တော့မယ်ခခပြန်လိုက်တော့။မနက်ကြရင်ခခပါးပါးတို့ကိုကြည့်ပြောထားပေးပါနော်။မနက်ကြရင်တော့မာန်ပြန်လာခဲ့ပါ့မယ်ကူညီပေးပါနော်ခခ။
✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️✉️
မာန် ခခဆီစာပို့ပြီးခနနေတော့ခခဘက်က'Ok'ဆိုပြီးပြန်ပို့မှမာန်စိတ်အေးသွားရတယ်။အခုတော့အရှေ့ကပြဿနာအိုးလေးကိုဘလိုဖြေရှင်းရမလဲ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now