Part_23♥️

4.8K 348 6
                                    

Unicode

နှင်းမျက်ခြယ်သူ့ရှေ့မှာလဲကျသွားတဲ့ခခရဲ့ခန္ဓာကိုယ်လေးက်ိုဆွဲပွေ့လိုက်တယ်။

"ခခ! သတိထားပါအုန်းခခရယ်...သွေး...သွေးတွေ!!!"
နှင်းမျက်ခြယ် ခခရဲ့လက်မောင်းနားကိုကိုင်လိုက်တော့သူ့လက်မှာစိုစွတ်သွားတဲ့ခခရဲ့သွေးတွေ။

"လာကြပါအုန်း!!! အဟင့်...ခခဘာမှမဖြစ်ပါနဲ့!!!"
နှင်းမျက်ခြယ်အော်လိုက်တော့မှစောနကရှောင်ပေးနေတဲ့ခခရဲ့Bodyguardနှစ်ယောက်ကအနားကိုချက်ချင်းပြေးလာကြတယ်။

"Bossဘာဖြစ်တာလဲ!"

"ခခမေ့လဲသွားလို့ကူညီပါအုန်း"

"လာလာကားပေါ်မြန်မြန်တင်"

"ဟုတ်ကဲ့"
ခခကိုသူ့Bodyguardနှစ်ယောက်ကပွေ့ချီပြီးကားပေါ်တင်သွားတယ်။နှင်းမျက်ခြယ်လဲဆေးရုံကိုအတူလိုက်လာခဲ့တယ်။ဆေးရုံရောက်တော့...

"လူနာလက်ကသွေးထွက်အရမ်းလွန်ပြီးသတိမေ့သွားတာပါကျွန်တော်တို့အခုချက်ချင်းလူနာရဲ့လက်မောင်းကဒဏ်ရာကိုချုပ်ပေးပါ့မယ်"

"ဟုတ်ကဲ့ဆရာ"
နှင်းမျက်ခြယ်ထိုင်ခုံမှာတောင်မထိုင်နိုင်ဘူး။ဂနာမငြိမ်ဖြစ်နေတာပေါ့။ခခဘာမှမဖြစ်ပါစေနဲ့ငါစ်ိတ်ပူလို့သေတော့မယ်။

"မင်းအိမ်ပြန်ရင်ပြန်လိုက်တော့မိုးချုပ်နေပြီ"
နှင်းမျက်ခြယ်ကိုအိမ်ပြန်ခိုင်းနေတဲ့ခခရဲ့Bodyguard။

"ကျမခခက်ိုစောင့်ပေးချင်လို့"

"မင်းအဆင်ပြေရဲ့လား"

"ဟုတ်အဆင်ပြေပါတယ်ခခနိုးလာမှကျမပြန်မယ်"

"အင်းအဲ့တာဆိုလဲထိုင်စောင့်နေဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်လုပ်မနေနဲ့"

"ဟုတ်ကဲ့"
နှင်းမျက်ခြယ်ခုံလေးပေါ်မှာထိုင်လိုက်တယ်။အချိန်အတော်ကြာတော့...

"လူနာရှင်"

"ဟုတ်ကဲ့ဆရာ"

"လူနာရဲ့ဒဏ်ရာချုပ်ပြီးသွားပါပြီဒဏ်ရာကအရမ်းနက်တော့မနဲချုပ်ရတယ်ဒါပေမဲ့စ်ိတ်ပူစရာမလိုတော့ပါဘူး"

"ကျေးဇူးပါဆရာအဲ့တာဆိုခခသတိရပြီလားဟင်"

"သတိတော့မရသေးဘူးလူနာအခန်းထဲမှာသွားကြည့်လို့တော့ရပါတယ်"

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now