Part_24♥️

4.5K 357 13
                                    

Unicode

နှင်းမျက်ခြယ်ဆေးရုံကနေပြန်လာတော့အိမ်မှာဒေါကြီးမောကြီးနဲ့စောင့်နေတဲ့ဒေါ်ယမင်း။

"ဟဲ့နှင်းမျက်ခြယ်နင်မနေ့ကတစ်ညလုံးဘယ်တွေအလေလိုက်နေတာလဲဟမ်!!!"

"ဟို...နှင်းBossဆေးရုံတင်တာသွားစောင့်ပေးနေတာပါ"

"သူ့ဘာသာဆေးရုံတက်တာနင်နဲ့ဘာဆိုင်လဲနင်တစ်ခုခုဖြစ်ရင်နင့်အဖေကငါ့ကိုအပြစ်ပြောမှာသူ့သမီးယွတာကြတော့မသိဘူး!"

"မေမေနှင်းကိုအဲ့လိုမပြောပါနဲ့"

"ပြောတော့ညည်းကဘာလုပ်ချင်လဲ!"

"နှင်းကရိုးရိုးသားသားပါ"

"အမလေးအေအခုမှအပိုတွေလာလုပ်ပြမနေနဲ့ကြောင်သူတော်ကြွက်သူခိုးမ!"

"မေမေလွန်လာပြီနော်"

"လွန်တော့ဘာဖြစ်လဲ!"
ဒေါ်ယမင်း နှင်းမျက်ခြယ်ကိုတွန်းထုတ်လိုက်တော့ကြမ်းပြင်ပေါ်မှာခွေရက်သားလေးလဲကျသွားတယ်။

"အ့!"

"နှင်းမျက်ခြယ်အဆင်ပြေရဲ့လား"
နှင်းမျက်ခြယ်ကိုထူပေးနေတဲ့ဒေါ်ယမင်းရဲ့တူကျော်စွာလင်း။

"ရ...ရပါတယ်"

"ဒေါ်လေးရယ်ဘာလို့အရမ်းလုပ်ရတာလဲ"

"သားမသိရင်၀င်မပါနဲ့အဲ့လိုကောင်မမျိုးကဒီလောက်လုပ်ထားတာတောင်စောက်ကြောကတင်းနေတာ"

"နှင်းအခုဘာလုပ်နေလို့လဲ"

"ညည်းကိုယ်ညည်းအသိဆုံးနေမှာပေါ့မိန်းကလေးတစ်ယောက်ညဘက်အိမ်ပြန်မအိပ်တာကိုပတ်၀န်းကျင်ကဘလိုပြောကြမလဲ!"

"နှင်းမဟုတ်တာလုပ်နေတာမဟုတ်ဘူးမယုံရင်နှင်းရဲ့Bossကိုမေးလို့ရတယ်"

"ရှုပ်ရှုပ်ရှက်ရှက်တွေငါစိတ်မ၀င်စားဘူးညည်းအဖေလာရင်ညည်းဘာသာကြည့်ရှင်း!"
ဒေါ်ယမင်းပြောဆိုပြီးထွက်သွားတော့တယ်။

"ကိုယ့်အဒေါ်အစားကိုယ်ကဘဲတောင်းပန်ပါတယ်နော်"

"ရပါတယ် အကိုကျော်စွာလင်းတောင်းပန်စရာမလိုပါဘူးနှင်းလုပ်တဲ့ပြဿနာနှင်းရှင်းရမှာပေါ့"

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Hikayelerin yaşadığı yer. Şimdi keşfedin