Part_41♥️

4.7K 356 43
                                    

Unicode

ကားပေါ်မှာမာန်နဲ့အဏ္ဏဝါချစ်ကြည်နူးနေတာနာရီ၀က်နီးပါးကြာသွားတာပေါ့။နောက်မှအဏ္ဏဝါသူ့ပေါင်ပေါ်ကအကောင်ပေါက်လေးကိုဘေးမှာပြန်ချပေးလိုက်တယ်။

"အဟ်ိ!"
အဏ္ဏဝါလုပ်ချင်တာလုပ်လိုက်ရတော့ကြိတ်​ပျော်နေတာထိန်းမရတဲ့အဆုံးပါးစပ်ကအသံတွေတောင်ထွက်တယ်။

"မောင်နော်!!!"

"ကားထဲမှာလဲမဆိုးဘူးနော်"
ပြုံးစိစိနဲ့နောက်သလိုပြောလာတဲ့ကောင်လေးကြောင့်မာန်မျက်နှာတွေပူလာတယ်။

"မောင်!!!"

"မောင်ကစတာပါစိတ်ဆိုးနဲ့နော်...နော်လို့"
မာန်ရင်ခွင်ထဲခေါင်းလေးတိုးတိုးပြီးပြောနေတဲ့ကောင်လေးကမာန်စတွေ့ခဲ့တုန်းကအဏ္ဏဝါနဲ့တခြားစီ။

"တော်ပြီအိမ်ပြန်တော့မယ်"

"မပြန်ပါနဲ့အုန်း"

"မပြန်လို့ဘယ်သွားရမှာလဲ"

"Hotelသွားကြမယ်လေ"
မျက်ခုံးတစ်ဖက်ပင့်ကာပြောလာတဲ့ကောင်လေးရဲ့ခေါင်းကိုမာန်အားနဲ့ခေါက်လိုက်ပါလေရော။

"အား...! သေပါပြီဗျာ"

"ပေါက်ကရတွေမပြောနဲ့!"

"ပေါက်ကရတွေမဟုတ်ပါဘူး...မောင်သွားချင်တဲ့နေရာမောင်ပြောတာကို"
ခေါင်းလေးပွတ်ပြီးပြောလာတဲ့ကောင်လေးကိုကြည့်ပြီးမာန်နောက်တစ်ခါထပ်ခေါက်ဖို့အားတောင်ပျက်သွားတယ်။မောင်ကတခါတလေသိပ်ချစ်ဖို့ကောင်းတာဘဲ။

"မောင်နော်အဲ့လိုတွေထပ်ပြောနေရင်ကားပေါ်ကဆင်းတော့မှာ!"

"မဆင်းပါနဲ့ဗျာ...မောင်မစတော့ဘူးနော်အိမ်ပြန်ကြမယ်"

"အင်းပြီးရော"
နှုတ်ခမ်းလေးထော်နေတဲ့ချစ်ရသူလေးရဲ့ပါးကိုအဏ္ဏဝါရွှတ်ခနဲနမ်းလိုက်ပြီးကားကိုမောင်းတော့တယ်။မာန်ကတော့အဏ္ဏဝါနမ်းလိုက်တဲ့ပါးလေးကိုလက်ကလေးနဲ့အုပ်ကိုင်ပြီးမျက်နှာမှာအပြုံးပန်းတွေဝေဆာနေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းဆက် တိမ်စိုင်ဖြူအမေနဲ့တွေ့ဖို့တိမ်စိုင်ဖြူရဲ့အိမ်ကိုလိုက်လာခဲ့တယ်။အိမ်ကအရမ်းမကြီးပေမဲ့မင်းဆက်အတွက်တော့နေသားကြပါတယ်။သူကသူ့ရုံးခန်းထဲမှာအမြဲအိပ်နေကြမို့လို့လေ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now