Part_9♥️

4.5K 353 16
                                    

Unicode

အဏ္ဏ၀ါအခန်းထဲ၀င်သွားတော့မာန်အခန်းပြင်မှာဒေါသထွက်ပြီးကျန်ခဲ့တယ်။စိတ်ညစ်ဖို့ကောင်းလိုက်တဲ့ကောင်ဘာလို့အဲ့ကောင်နဲ့မှခနခနလာဆုံနေရတာလဲ။ရေစက်ဆိုတာကြီးရှိခဲ့ရင်လဲဒီလိုကောင်မျိုးနဲ့မဆုံချင်ပါဘူး။

အဏ္ဏ၀ါသူ့အခန်းကိုလှည့်ပတ်ကြည့်နေတယ်။တိုက်ခန်းတစ်ခန်းလုံးသူ့အိမ်ကသူ့အိပ်ခန်းတစ်ခန်းစာတောင်မရှိဘူး။ဒီလောက်ကျဥ်းတဲ့အခန်းလေးထဲမှာငါဘလိုနေရမလဲ။ငါ့ကိုယ်ငါလဲဒေါသထွက်တယ်။ဟိုလူဒီမှာနေတယ်ဆိုတာသိလို့တမင်ဒုက္ခလိုက်ပေးချင်လို့သာနေရမှာဒီလိုနေရာမျိုးမှာငါမနေနိုင်ဘူး။ဒါပေမဲ့ကြိုးစားပြီးနေရမှာဘဲဟိုလူ့ကိုဒုက္ခပေးဖို့။

နောက်နေ့မနက်ရောက်တော့ကျောင်းကနှစ်ရက်ပိတ်တာလေ။ဒိီနေ့ကျောင်းပိတ်ရက်ကနောက်ဆုံးနေ့ဆိုတော့မာန်တစ်ယောက်စိတ်ပြေလက်ပျောက်အပြင်လျှောက်ကြည့်မလို့ဆိုပြီးအခန်းထဲကအထွက်ဟိုဘက်ခန်းကအသံနက်ကြီးနဲ့အော်သံကြောင့်သူသွားကြည့်လိုက်တယ်။

"အမလေး!!! မေမေရေကယ်ပါအုန်း!"
အခန်းထဲမှာအော်ဟစ်နေတဲ့အဏ္ဏ၀ါ...

"နက္ခတ်အဏ္ဏ၀ါမင်းတစ်ခုခုဖြစ်လို့လား"

"ခင်ဗျားဘာလာလုပ်တာလဲ!!!"

"ငါမင်းအသံကြားလို့လာကြည့်တာငါ၀င်ခဲ့ရမလား!"
အခန်းပြင်လေးကနေလှမ်းအော်ပြီးမေးနေတဲ့ကောင်လေး...

"မလာနဲ့!!!"

"အေးပြီးတာဘဲ!"
မာန်အခန်းရှေ့ကနေပြန်ထွက်သွားဖို့အလုပ်...

"၀င်...၀င်လာခဲ့!!!"
တုန်ရီနေတဲ့အသံတွေနဲ့ပြောလာတဲ့အဏ္ဏ၀ါကြောင့်မာန်အခန်းထဲ၀င်လာခဲ့တယ်။တစ်ခန်းလုံးလဲရှုပ်ပွနေတာဘဲခြေချစရာနေရာတောင်မရှိဘူးအမှိုက်တွေနဲ့ပြည့်နေတယ်။

"နက္ခတ်အဏ္ဏ၀ါ..."

"ကျုပ်...ကျုပ်ဒီမှာ..."
မာန်လှမ်းကြည့်တော့ထိုင်ခုံတစ်လုံးပေါ်မှာခြေထောက်တွေအကုန်စုတင်ပြီးကျုံ့ကျုံ့လေးထိုင်နေတဲ့ကောင်လေး။

"မင်းအဲ့ထိုင်ခုံပေါ်မှာဘာလုပ်နေတာလဲ"

"ကျုပ်...ကျုပ်..."

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now