Part_12♥️

4.6K 364 5
                                    

Unicode

ခခ နှင်းမျက်ခြယ်ရဲ့ရင်ခွင်ထဲကနေခေါင်းလေးပြန်ထောင်လာတယ်။ပြီးတော့စောနကသူမဟုတ်သလိုမျက်နှာကိုချက်ချင်းပြန်တည်လိုက်တယ်။

"ခခ..."
စိတ်ပူနေတဲ့မျက်နှာလေးနဲ့ကောင်မလေး...

"အင်း..."

"ခခအဆင်ပြေရဲ့လားဘာဖြစ်လို့လဲတစ်ခုခုဖြစ်နေတာလားနေမကောင်းလို့လားနှင်းကိုပြောပြလေနှင်းဘာလုပ်ပေးရမလဲ"
စကားကိုတရက်ဆက်မနားဘဲပြောလာတဲ့ကောင်မလေးကိုကြည့်ပြီးခခနှုတ်ခမ်းကပြုံးယောင်လေးသန်းလာတယ်။တခြားလူဆိုရင်သူ့ကိုပွစိပွစ်ိလာလုပ်ရင်မျက်နှာတော့စုတ်ပြတ်သတ်ပြီသာမှတ်။

"နှင်း..."
နှင်းမျက်ခြယ်ရဲ့လက်လေးကိုညင်သာစွာစုပ်ကိုင်လိုက်တဲ့ခခ...

"ပြောလေခခရဲ့"

"Daddyကပြောဖူးတယ်တချို့အရာတွေကငြင်သာရတယ်တဲ့ငြင်သာတယ်ဆိုတာကိုယ်မသိဘူးဒါပေမဲ့မင်းကိုတော့တခြားလူတွေနဲ့မတူအောင်ဆက်ဆံချင်တယ်"

"ခခကနှင်းကိုငြင်သာတယ်ဆိုတဲ့သဘောလား"

"အင်း..."
နှုတ်ခမ်းပါးလေးကိုပြုံးရုံလေးပြုံးပြလာတဲ့ခခ။

"ဘာလို့ခခကနှင်းရဲ့Bossဆ်ိုတာမပြောတာလဲ"

"နှင်းသိသွားရင်ကိုယ်တို့သူငယ်ချင်းတွေလုပ်လို့မရတော့ဘူးလေ"

"အခုကောနှင်းတို့ကသူငယ်ချင်းတွေဘဲမလား"

"နှင်းကသူငယ်ချင်းမဖြစ်ချင်ဘူးလား"

"ဖြစ်ချင်တာပေါ့ ခခနဲ့ခင်ရတာအရမ်းပျော်ဖို့ကောင်းတယ်"

"ကိုယ်လဲနှင်းနဲ့ခင်ရတာအရမ်းပျော်တယ်"
ကောင်မလေးနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးပျော်နေကြတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဏ္ဏ၀ါနဲ့မာန်ကျောင်းကပြန်လာပြီးသူတို့အခန်းကိုသူတို့ကိုယ်စီ၀င်သွားတယ်။မာန်သူ့အခန်းထဲရောက်တော့အခန်းမီးလုံးကပျက်နေတာတဲ့ခုံလေးယူပြီးတက်လဲရတော့တာပေါ့။

အရပ်မမှ်ီတမှိီနဲ့ခြေဖျားလေးထောက်ပြီးမီးလုံးတက်လဲတော့ခုံပေါ်ကခြေချော်ပြီးပြုတ်ကျတော့တာဘဲ။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Where stories live. Discover now