Part_22🔞🔥

6.4K 369 34
                                    

Unicode

အဏ္ဏဝါ မာန်ကိုယ်ပေါ်ကိုအုပ်မိုးလိုက်တယ်။

"မောင်ငါမေးနေတယ်လေဘာလုပ်တာလဲလို့!"

"မောင်လုပ်ချင်တာမောင်လုပ်မလို့လေ"
အဏ္ဏ၀ါ မာန်ကိုအတင်းနမ်းရှိုက်တော့တယ်။

"မောင်! မလုပ်ပါနဲ့ငါတောင်းပန်ပါတယ်! အဟင့်...ဟင့်..."
အောက်ကငိုသံလေးထွက်လာတဲ့ကောင်လေးကြောင့်အဏ္ဏဝါအသိစိတ်ပြန်၀င်လာတယ်။

"မောင်...မောင်တောင်းပန်ပါတယ်"
အဏ္ဏဝါ မာန်ကိုယ်ပေါ်ကနေပြန်ထလိုက်တယ်။မာန်လဲမျက်ရည်လေးတွေအပြည့်နဲ့အဏ္ဏဝါကိုကြည့်နေတယ်။

"အဟင့်...ဟင့်..."

"မငိုပါနဲ့လွန်းငယ်ရယ်မောင်တောင်းပန်ပါတယ်နော်မငိုပါနဲ့ကွာ"

"မောင်မကောင်းဘူး...ဟင့်..."

"ဟုတ်တယ်မောင်ကမကောင်းတဲ့ကောင်ပါကွာ...ဟာ!!!"
အဏ္ဏဝါနံရံကိုလက်သီးနဲ့အရှိန်ပြင်းပြင်းထိုးတော့တယ်။

"ခွပ်! ခွပ်!!!"

"မောင်ဘာလုပ်တာလဲ!"

"မောင်ကမကောင်းတဲ့ကောင်မောင်ကလွန်းငယ်ကိုငိုအောင်လုပ်မ်ိတာဒီကောင်မကောင်းတာ...ဟာ!!!"
အဆက်မပြတ်နံရံက်ိုလက်သီးနဲ့ထိုးတော့လက်မှာလဲသွေးစလေးတွေစို့လာတယ်။

"မောင်တော်ပါတော့!!!"
မာန်ပြေးသွားပြီးအဏ္ဏ၀ါရဲ့လက်နှစ်ဖက်ကိုကိုင်လိုက်တယ်။

"လွန်းငယ်မောင်တောင်းပန်ပါတယ်နော်မောင်ကမကောင်းတဲ့ကောင်ပါဒါပေမဲ့မောင့်ကိုမထားခဲ့ပါနဲ့လွန်းငယ်ရယ်"
အဏ္ဏ၀ါတစ်ယောက်မျက်၀န်းအိမ်မှာလဲမျက်ရည်တွေအပြည့်နဲ့။

"မောင့်ကိုမထားခဲ့ပါဘူးငါလဲမောင့်ကိုချစ်တယ်လေငါကမောင့်ကိုဘာလို့ထားခဲ့ရမှာလဲ"
မာန် အဏ္ဏ၀ါကိုတင်းကျပ်စွာဖက်ထားလိုက်တယ်။

"မောင်လေလွန်းငယ်ကိုသိပ်ချစ်တာမောင်အခုလိုလုပ်လိုက်ရတာလဲလွန်းငယ်ကိုချစ်လွန်းလို့ပါ"

"ငါသိပါတယ်မောင်ရယ်"
မာန် အဏ္ဏ၀ါရဲ့မျက်နှာလေးကိုဆွဲပြီးနှုတ်ခမ်းပါးလေးကိုနမ်းရှိုက်လိုက်တယ်။လွန်းငယ်ဘက်ကပထမဆုံးနမ်းတဲ့အနမ်းလေး။

အချစ်ကဖန်ဆင်းသော...(သီတာမုန်းတဲ့ဒဿ...ကလေးမချစ်တဲ့ကျွန်တော်S_2){Completed}Onde histórias criam vida. Descubra agora